Server Error တက်နေတဲ့ Instagram

Instagram အနေနဲ့ ဒီတစ်ပတ်လုံး Error တစ်ချို့ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းက Instagram သုံးစွဲသူတွေအနေနဲ့ Error တစ်ချို့ဖြစ်နေတယ်လို့ DownDetector မှာ ဖော်ပြထားပါတယ်။ America နဲ့ Eurpoe ဖက်တွေမှာ Account ဝင်လို့မရတာ၊ ​Asia ဖက်မှာ Like & Comment ပေးလို့ မရတဲ့ပြဿနာတွေဖြစ်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် Post တွေမှာ ပုံတွေမပေါ်ပဲဖြစ်နေတာ၊ အကောင့်ဟောင်းတွေမှာ Welcome to Instagram ဆိုပြီး စာသားတွေပေါ်တာမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ နေ့ခင်းမှာတော့ Instagram အနေနဲ့ဒီပြဿနာကို ဖြေရှင်းပြီးဖြစ်တယ်လို့ ဆိုပြီး App ရော၊ Website အသုံးပြုသူတွေပါ အဆင်ပေလိမ့်မယ်လို့ ဆိုပါတယ်။ The Verge မီဒီယာကို Instagram ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ခုတစ်လောဖြစ်တဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး တောင်းပန်ကြောင်း၊ လောလောဆယ်မှာတော့ ပြဿနာတွေကို ဖြေရှင်းပြီးဖြစ်ကြောင်း သုံးစွဲသူတွေကို ပြောပြပေးဖို့ တောင်းဆိုထားပါတယ်။

ဒီပြဿနာတွေတက်တာဟာ Region နဲ့မဆိုင်ပဲ တစ်ကမ္ဘာလုံးအနှံ့ ပေါင်းစုံပြဿနာတွေဖြစ်နေတာဖြစ်ပါတယ်။ Meta ပိုင် Social Media တစ်ခုအနေနဲ့ နှစ်စဥ် ပုံမှန် ပြဿနာတွေဖြစ်လေ့ရှိပါတယ်။ ပြဿနာဖြစ်တိုင်း ရက်ပိုင်း ဒါမှမဟုတ် နာရီပိုင်းသာ ကြာမြင့်တတ်ပေမယ့်၊ အသုံးပြုသူများလာတာ၊ ဝန်ထမ်းအခြေအနေတစ်ချို့ကြောင့် နောက်ပိုင်းမှာ ရက်အနည်းငယ်ကြာမြင့် လာတယ်လို့ အသုံးပြုသူတစ်ချို့ကဆိုပါတယ်။ Facebook အနေနဲ့လည်း မကြာခဏဆိုသလို Server ပြဿနာဖြစ်တတ်ပြီး ဒီတစ်ခါတော့ Instagram တစ်ခုပဲ ပြဿနာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ကယ်လို့ Instagram သုံးမရတာ၊ အကောင့်ဝင်မရတာ၊ Comment ပေးမရတာဖြစ်တတ်ရင် စိတ်မပူပဲ Server ဖက်ကဖြစ်နိုင်ကြောင်း အသိပေးချင်ပါတယ်။ အသုံးပြုသူ အချို့ဆိုရင် သူတို့အကောင့်တွေ ဘန်းခံရတယ်လို့ သတိပေးချက်ပါ ဖော်ပြခံရတယ်လို့ ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

App တွေ အသုံးပြုသူရဲ့ဖုန်းနဲ့ Compatible ဖြစ်မဖြစ် ဖော်ပြပေးမယ့် Play Store Update

Next
Next

၂၀၂၅ မှာ Mobile နဲ့ PC Platform ပေါ်ကို ထွက်ဖူးသမျှဂိမ်းတစ်ဝက်လောက် Sony တင်သွားမည်