၂၀၂၅ မှာ Mobile နဲ့ PC Platform ပေါ်ကို ထွက်ဖူးသမျှဂိမ်းတစ်ဝက်လောက် Sony တင်သွားမည်

Console လောကမှာတော့ ဆရာတစ်ဆူဖြစ်တဲ့ Sony Game တွေအနေနဲ့ Mobile နဲ့ PC လောကကိုလည်း အလွတ်ပေးချင်ပုံမရပါဘူး။ သူတို့ထုတ်ပြီးသမျှ ဂိမ်းတွေရဲ့ တစ်ဝက်လောက်ကို Mobile နဲ့ ​PC ပေါ်ကို ၂၀၂၅ မှာရောက်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Company နှစ်ပတ်လည်နေ့မှာ ပြခဲ့တဲ့ Presentation တစ်ခုအရ အခုသတင်းကို သိခဲ့ရပါတယ်။ ဂိမ်းတွေထွက်တဲ့ နှစ်တွေအလိုက် တစ်ခုချင်းစီကို ခွဲပြီး Mobile နဲ့ PC Platform ပေါ်ကို တစ်ဖြည်းဖြည်း ထုတ်ပေးသွားဖို့ အစီအစဥ်ရှိတယ်လို့ သိရပြီး PlayStation 4 နဲ့ PlayStation 5 ပေါ်ကိုလည်း ထွက်ပြီးသမျှ ​ဂိမ်းတွေအကုန် ဆော့နိင်အောင်ကြိုးစားမယ်လို့ ဆိုပါတယ်။

"PC နဲ့ Mobile ပေါ်ကို နယ်ချဲ့လိုက်တဲ့အတွက် Services တွေကိုလည်း ချဲ့ထွင်ရတော့ပါမယ်။ လောလောဆယ် Platform တစ်ခုပေါ်မှာပဲ ဆော့လို့ရတဲ့ အခြေအနေကနေ Platform ပေါင်းစုံပေါ်ကိုခြေဦးလှည့်ဖို့ စီစဥ်ထားပါတယ်"လို့ Sony Entertainment ဥက္က၎ Jim Ryan ကဆိုပါတယ်။

Mobile နဲ့ PC ပေါ်ကို ရင်းနှီးမြှပ်နှံလိုက်တာဟာ ကစားသူဦးရေကိုလည်း သိသိသာသာ တိုးလာစေမှာဖြစ်သလို၊ ဂိမ်းတွေအတွက် ပိုက်ဆံသုံးသူတွေလည်း Mobile နဲ့ PC ပေါ်မှာ အတော်လေး ပေါလာဖို့ ယုံကြည်ကြောင်း Jim ကထပ်မံမှတ်ချက်ပေးထားပါတယ်။

Horizon Zero Dawn, Days Gone, God of War စတဲ့ ဂိမ်းတွေကို PC ပေါ်ကိုထုတ်ပေးလိုက်တာကလည်း အမြတ်အတော်လေးရထားပြီလို့ဆိုပါတယ်။ မနှစ်က $80 million လောက်ပဲအမြတ်ရတာကနေ 2022 အကုန်မှာ $300 လောက်ထိ အမြတ်ရဖို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း Sony အနေနဲ့ Games တွေကို PC နဲ့ Mobile ပေါ်ကို တင်ဖို့ပိုပြီး စိတ်ဝင်စားလာပုံရပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Server Error တက်နေတဲ့ Instagram

Next
Next

တရုတ် Covid Lockdowns ကြောင့် iPhone 14 ထုတ်လုပ်မှု နှောင့်နှေးမည်