App တွေ အသုံးပြုသူရဲ့ဖုန်းနဲ့ Compatible ဖြစ်မဖြစ် ဖော်ပြပေးမယ့် Play Store Update

Android ဖုန်းသမားတွေအနေနဲ့ Play Store ကိုမှာ App တစ်ခုကို Download ပြီးသုံးဖို့လုပ်တိုင်း "This App isn't Compatible with your device" ဆိုတဲ့ စာကိုမြင်ဖူးကြမှာပါ။ တော်တော်ဆိုးတဲ့ ခံစားချက်ကို ခံစားရဖူးမှာပါ။ Google အနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကိုယ့်ဖုန်း သို့ ကိုယ်သုံးနေတဲ့ Android Os ပါဝင်တဲ့ Device တိုင်းနဲ့ ကိုက်ညီမညီ စာရင်းပါဝင်မယ့် Play Store Update ကိုထုတ်ပေးလိုက်ပါတယ်။

တစ်ကယ်လို့ ဒီ Feature ကိုသုံးချင်တယ်ဆိုရင် ကိုယ် Download လုပ်မယ့် App တစ်ခုကိုရွေးချယ်ပြီး ​About this App ထဲကိုဝင်လိုက်ပါ။ အဲ့ဒီနောက် Screen ကို အောက်ဆုံးထိ ဆွဲချလိုက်ရင် "Compatibility for your active devices" ဆိုတဲ့ လုပ်ဆောင်ချက်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ Feature နဲ့ပတ်သတ်ပြီး Google အနေနဲဲ့ Public ကိုတရားဝင်ပြောထားတာ မရှိပေမယ့် ကိုယ့် Device နဲ့ အဆင်ပြေမယ့် Version ကိုရှာရတာ ပိုလွယ်သွားပါလိမ့်မယ်။ ဒါ့အပြင် ဒီ Feature ဟာ Phone တင်မဟုတ်ပဲ Android TV တွေမှာလည်း ပါဝင်ပါတယ်။

Compatible ဖြစ်တဲ့ ​Device တွေကို ရက် ၃၀ အတွင်း App ကိုဒေါင်းလုပ်ဆွဲပြီး ဘယ်ဖုန်းတွေနဲ့တော့ အဆင်ပြေတယ်။ ဘယ်ဖုန်းတွေကတော့ ဒီApp ကိုအများဆုံး အသုံးပြုနေတယ်၊ ဘယ် Android Version တွေပါဝင်တယ်ဆိုတာမျိုးပါ အသေးစိတ်ပါဝင်လာမယ်လို့ Devs အချို့ကဆိုထားပါတယ်။ တစ်ချို့တွေဆိုရင် ဒီ Feature ကိုရနေပြီလို့ဆိုပါတယ်။

Google အနေနဲ့ နောက်ပိုင်းမှာ လူတွေကို Open Data ပုံစံမျိုးတွေ လုပ်သွားဖို့ရှိတာမို့ ဒါကလည်း Open Data ရဲ့တစ်စိတ်တစ်ပိုင်းလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Play Store မှာ ရှိတဲ့ App Devs တွေကို အသိပေးခဲ့ခြင်းတော့ မရှိဘူးလို့ဆိုပါတယ်။ Google အနေနဲ့ Play Store နဲ့ပတ်သတ်ပြီး App အဟောင်းဖြုတ်ချတာမျိုးတွေ၊ Update မရတာကြာတဲ့ App တွေကို Update လုပ်ဖို့ သတိပေးတာမျိုးတွေလုပ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပိုကောင်းအောင် ဂရုစိုက်နေပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

"1 Minute Music ဆိုတဲ့ Instagram Feature အသစ် India မှာမိတ်ဆက်

Next
Next

Server Error တက်နေတဲ့ Instagram