Selfie Camera မှာ Auto-focus ပါဝင်လာမယ့် iPhone 14

Apple နာမည်ကြီး Analyst ဖြစ်တဲ့ Ming-Chi Kuo အနေနဲ့ Apple 14 မှာ ပါဝင်လာနိုင်မယ့် နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကို ခန့်မှန်ထားပါတယ်။ ဒီနှစ်ကုန်မှာထွက်လာမယ့် iPhone Line Up တစ်ခုလုံးဟာ Front-facing camera အတွက် Auto-focus ပါဝင်လာမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Aperture ကတော့ f/1.9 ရှိမှာပါ။ ဒီအပြောင်းအလဲဟာ အရင် iPhone တွေနဲ့ အတော်လေးကို ကွဲပြားတဲ့ Update ဖြစ်လာပါလိမ့်မယ်။

ဓာတ်ပုံ၊ ဗီဒီယိုကောလ်နဲ့ Live Streaming လုပ်တဲ့ App တွေအနေနဲ့ Auto-focus ပါဝင်လာလို့ ပိုပြီး အဆင်ပြေလာပါလိမ့်မယ်။ ဒါ့အပြင် Aperture ပိုကျယ်လာတဲ့အတွက် Sensor ကို အလင်းရောင်ပိုရနိုင်ပြီး နေ့ခင်းဖက်တွေနဲ့ အရမ်းမှောင်တဲ့ ညဖက်တွေမှာ အတော်လေး ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာပါ။ ဒါ့အပြင် Auto-Focus ကြောင့် Subject-tracking နဲ့ Field of Depth ကြောင့် ပိုကောင်းတဲ့ Portrait တွေလည်း ရိုက်နိုင်ဦးမှာပါ။ ဒါပေမယ့် Image Sensor Size နဲ့ Resolution ကိုသေချာမသိရသေးပါဘူး။

iPhone အနေနဲ့ ဖုန်းတွေကို သိသိသာသာပြောင်းလဲစေမယ့် အပြောင်းအလဲတွေ ပြုလုပ််မပေးတာ Line Up 2 ခုရှိနေပြီမို့ iPhone 14 မှာတော့ ပိုပြီး innovate ဖြစ်တဲ့ နည်းတွေမြင်လာရမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါ့အပြင် iPhone အနေနဲ့ ဒီနှစ်မှာ Selfie Camera ကို notch အစား Hole-punch အဖြစ်နဲ့ ထွက််လာပြီး Full View Display ဖြစ်လာမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Elon Musk & Woke Mind Virus & Netflix

Next
Next

Search တစ်ရှာတိုင်းသစ်ပင်တစ်ပင်စိုက်ပေးတဲ့ Ecosia search engine ဆိုတာဘာလဲ ?