Search တစ်ရှာတိုင်းသစ်ပင်တစ်ပင်စိုက်ပေးတဲ့ Ecosia search engine ဆိုတာဘာလဲ ?

Google ရဲ့ Alternative search engine ဖြစ်တဲ့ Ecosia ဆိုတဲ့ Search Engine တစ်ခုမှာ ထူးခြားမှုတစ်ခုရှိပါတယ်။ သူက တခြား Search Engine တွေနဲ့မတူတဲ့တစ်ခုက Search 45 ခုလုပ်တိုင်း အပင်တစ်ပင် စိုက်ပေးတာပါ။ Report တွေအရ သင့်ရဲ့ Search တစ်ခုတိုင်းဟာ လေထုထဲက Co2 ကာဗွန်ဒိုင်အောက်ဆိုဒ် 1KG လောက်ကို Remove လုပ်ပေးတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်ကနေစတင်ခဲ့တဲ့ Ecosia ဟာ သူတို့ရဲ့ Achievement တွေကတော့ သစ်ပင်ပေါင်း 110 သန်းစိုက်ပြီး, လေထုထဲက Co2 ပေါင်း တန်ချိန် ၃ သန်းနဲ့ သစ်တောပေါင်း ၂၁ ခုကို ပြန်လည်စိမ်းလန်းအောင်လုပ်ပေးပြီး 0.8 second တိုင်းသစ်ပင်တစ်ပင် စိုက်ခဲ့တယ်လို့ဆိုပါတယ်။ နဲနဲလေးတော့ Too good to be true ဖြစ်နေပါတယ်။ ဒါပေမဲ့ အပင်တွေစိုက်ပေးနေတဲ့ Search Engine ကုမ္ပဏီကြီးတစ်ခုဖြစ်ပေမဲ့ ဝန်ထမ်းပေါင်း 52 ယောက် Freelance တွေနဲ့လည်ပတ်နေတယ်လို့ဆိုပါတယ်။ ကိုယ်က Ecosia ကို သုံးနေရင်းနဲ့ အပင်ဘယ်လောက်စိုက်ပြီးပြီလည်းဆိုတာ ပြပေးပါတယ်။

Ecosia အနေနဲ့ ဘယ်လို ပိုက်ဆံရှာလဲ?

သူက Search Engine ဖြစ်တဲ့အတွက်ထုံးစံအတိုင်း ကြော်ငြာတွေကနေရှာပါတယ်။ လာကြော်ငြာတဲ့လူတွေက Search Engine ရဲ့ထိပ်ဆုံးမှာ သူတို့ရဲ့ Brand ကိုပေါ်စေချင်ရင် Search Engine ပိုင်တဲ့ ကုမ္ပဏီကို ပိုက်ဆံပေးရပါတယ်။ဥပမာ ကိုယ်က အကျီ နဲ့ ပါတ်သတ်တာတစ်ခုကို ရှာလိုက်မယ်ဆိုရင် သူ့ကိုကြော်ငြာခ ပိုက်ဆံပေးထားတဲ့ fashion brand တစ်ခု ကထိပ်ဆုံးမှာလာပေါ်မှာပါ။ သင်က အဲ့ ကြော်ငြာကို နိုပ်လိုက်မယ်ဆိုရင် 80% အကျိုးအမြတ်ကို သစ်ပင်စိုက်တဲ့နေရာတွေမှာသုံးသွားမှာပါ။ နောက်ပြီး ရလာတဲ့အကျိုးအမြတ်တွေကို သူတို့ရဲ့ Website မှာပြထားပြီး ဘယ်လိုအသုံးချပါတယ် ဆိုတာက အစ ရှင်းရှင်းလင်းလင်းပြထားပါတယ်။

 

ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေး

 Ecosia အနေနဲ့ အသုံးပြုသူတွေရဲ့ ဒေတာတွေကို တခြား ပြင်ပအဖွဲ့အစည်းတွေ ကိုရောင်းချခြင်းမျှဝေခြင်းမရှိဘူးလို့ပြောပါတယ်။ ဒါပေမဲ့ Search Engine တိုင်းရဲ့ သဘောတရားကတော့အသုံးပြုရတာပိုမိုအဆင်ပြေစေဖို့ ဥပမာ Search result တွေကို ကိုယ့်ရဲ့ ဒေတာကို အသုံးပြုပြီး သင့်တော်တာကို ပြန်ပြပေးတာမျိုးပါ။ အဲ့တော့ ဒီအပိုင်းကတော့ ပုံမှန်ပါပဲ။

 

အားနည်ချက်

Ecosia က search လုပ်တဲ့အပိုင်းမှာ Google ‌လောက်တော့ Improve မဖြစ်ပါဘူး။ တစ်ချို့ Search result တွေမှာ Google လောက် ကိုယ်လိုချင်တာကို ချက်ခြင်း ရှာမရတာတွေ Cookie တွေကို Handle လုပ်တဲ့အပိုင်းတွေမှာတော့ Google ကိုမမှီသေးပါဘူး။

 Author: Hein Htet

Ref: Ecosia blog

Previous
Previous

Selfie Camera မှာ Auto-focus ပါဝင်လာမယ့် iPhone 14

Next
Next

ဈေးသက်သာပြီး ကြော်ငြာပါဝင်တဲ့ Netflix Plan တစ်ခု ထွက်ရှိလာမယ်လို့ Netflix CEO ပြော