Elon Musk & Woke Mind Virus & Netflix

"Bring Theater Home" ဆိုလောက်အောင် အောင်မြင်တဲ့ Netflix လို Streaming Service ကြီးတစ်ခုအနေနဲ့ ဆယ်စုနှစ်အတွင်း သိသာတဲ့ Subscriber လျော့ကျသွားမှုကို ခံစားရပြီးနောက် Elon Musk အနေနဲ့ Woke Mind Virus သုံးစွဲပြီး Twitter မှာ Tweet ခဲ့ပါတယ်။

"Woke Culture " ဆိုတာ အနိုင််ကျင့်မှု, မတရားမှုတစ်ခုကို ငြိမ်မခံတော့ပဲ တုံ့ပြန်မှုလု့ပ်တဲ့ Social Culture တစ််ခုဖြစပါတယ်။ လူမျိုးရေးခွဲခြားမှုတွေမှာ ဒီစာလုံးကို အသုံးများပါတယ်။ ဒါ့အပြင် ဒီစကားလုံးကို Conservative သမားတွေအထိကထားပြီး လူတွေကို Manipulate လုပ်ဖို့သုံးတယ်လို့ Elon ကဆိုပါတယ်။ "Woke Mind Virus ကြောင့် Netflix အနေနဲ့ ခုလိုတွေ ဖြစ်နေတယ်" လို့ Elon Musk ကဆိုပါတယ်။

Netflix အနေနဲ့ လွန်ခဲ့တဲ့ ၃ လခန့်ကစပြီး ​သုံးစွဲသူ ၂ သန်းလောက် ကျဆင်းသွားတယ်လို့ဆိုပါတယ်။ စတော့တွေလည်း ၃၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး Ads ပါတဲ့ Montly plan တွေထွက်ဖို့ပါ သတင်းတွေထုတ်ပြန်ခဲ့ပါတယ်။ Twitter မှာလည်း Woke Mind Virus ဟာလူသားတိုးတက််မှုအတွက် အကြီးမားဆုံး အနှောင့်အယှက်ဖြစ်တယ်ဆိုတာကို မှတ်ချက်တွေ ရေးနေကြပါတယ်။

ဘာသာရေး၊ ယှဥ်ကျေးမှုနဲ့ လူမျိုးရေး ရှေးရိုစွဲမှုတွေဟာ ရုပ်ရှင်နယ်ပယ်တင်မကပဲ Video Game တွေမှာလည်း အကန့်အသတ်တွေဖြစ်အောင် နောက်ပြန်ဆွဲနေတယ်လို့ဆိုပါတယ်။ "Woke" ဆိုတာဟာ ရှေးရိုးစွဲလက်ယာယိမ်းနိုင်ငံရေးသမားတွေ အမြဲသုံးပြီး လူမျိုးရေးနဲ့ ယှဥ်ကျေးမှု ပြဿနာတွေဖြစ်အောင် သုံးနေကျစကားးဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ယှဥ်ကျေးမှုနဲ့ လူမျိုးရေးကို အသသုံးချမှုကြောင့် အနုပညာဖန်တီးမှု နယ်ပယ်မှာ တီထွင်ဖန်တီးမှုတွေ ပပျောက်လာရတယ်လို့ လူအများက Twitter မှာ ရေးသားနေကြပါတယ်။

Netflix ရဲ့ စာတမ်းတစ်ခုမှာတော့ ဒီလိုကြည့်ရှုသူ ကျဆင်းသွားရတာတွေဟာ အင်တာနက်လိုင်းတွေ မရရှိိမှု၊ အကောင့်မျှဝေသုံးစွဲမှုတွေ၊ Streaming Service တွေများလာမှုတွေနဲ့ ခုလောလောဆယ်ဖြစ််နေတဲ့ ရုရှား-ယူကရိန်း ပြဿနာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

Ref : CNET

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Call Recording app တွေကို Play Store ကနေပါဖြုတ်ပစ်မယ့် Google

Next
Next

Selfie Camera မှာ Auto-focus ပါဝင်လာမယ့် iPhone 14