Xiaomi 12 Ultra camera အတွက် Leica နဲ့ ပူးပေါင်းဖို့ပြင်နေ

Qualcomm ဟာ ဒီလအကုန်မှာ Snapdragon 898 ကိုမီတ်ဆက်ဖို့ရှီနေပြီး ထုံးစံအတိုင်း Xiaomi ရဲ့ flagship line up မှာစပြီးသုံးလာမှာပါ။ ဒါ့ကြောင့် December လအတွင်းမှာ Xiaomi 12 series ကိုမိတ်ဆက်တော့မှာဖြစ်ပြီး Pro model နဲ့ Ultra model အပါအ၀င် model ၃မျိုးလောက်မိတ်ဆက်လာနိုင်ပါတယ်။ ကြားသိရတဲ့သတင်းတွေအရ 12 Ultra မှာ Leica က co-engineered လုပ်ပေးထားတဲ့ camera ကိုတပ်ဆင်ပေးလာနိုင်တယ်လို့သိရပါတယ်။

Leica ဟာ 2016 ခုနှစ်ကစပြီး Huawei နဲ့ပူးပေါင်းကာ Huawei ရဲ့ flagship တွေဖြစ်တဲ့ P series နဲ့ Mate series တို့အတွက် camera တွေကို Huawei P9 ကနေစတင်ဖန်တီးပေးခဲ့ပါတယ်။ Huawei နဲ့ Leica ကြားကပူးပေါင်းမှုဟာ Huawei P50 အပြီးမှာအဆုံးသတ်သွားပြီဖြစ်ပြီး Leica ဟာနောက်ထပ် smartphone company တစ်ခုကိုရှာဖွေနေခဲ့တာကြောင့် Xiaomi နဲ့သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

ဒါ့ကြောင့် Xiaomi နဲ Leica ရဲ့ပူးပေါင်းဖန်တီးထားတဲ့ camera ကို Xiaomi 12 series မှာမြင်တွေ့ ရလာနိုင်ပြီး အဖြစ်နိုင်ဆုံးကတော့ Xiaomi 12 Ultra ပဲဖြစ်ပါတယ်။ leaker Digital Chat Station ရဲ့ leak တွေအရတော့ Xiaomi 12 Ultra မှာ 50MP camera ၃လုံးပါလာနိုင်ပြီး တစ်ခုက 1/1.5-inch ရှိတဲ့ periscope lens ဖြစ်နိုင်ကာ 5x optical zoom ပါလာမယ်လို့သိရပါတယ်။ Xiaomi 12 Ultra ကိုတော့ 12, 12 Pro တို့နဲ့အတူမိတ်ဆက်လာမှာမဟုတ်ပဲ 2022 အစောပိုင်းလောက်မှာမှမိတ်ဆက်လာမှာပါ။ Design ပိုင်းအရတော့ Mi 11 Ultra နဲ့သိပ်ပြီး ကွာခြားမှာမဟုတ်ပေမယ့် co-engineered with Leica ဆိုတဲ့စာတန်းလေးကိုတော့ ကျောဖက်မှာမြင်တွေ့လာရတော့မှာပါ။ 


Previous
Previous

Reviewer တစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် | Reviewer လုပ်ခဲ့သမျှ ဖုန်းတွေထဲမှာအကောင်းဆုံးဖြစ်တယ်လို့ခံစားရတဲ့ Budget, Mid-range နဲ့ Flagship ဖုန်းများ

Next
Next

AMD ရဲ့ GPU ပါလာတော့မယ့် Exynos chipset အသစ်ကိုမိတ်ဆက်မယ့်ရက်ကိုကြေငြာလိုက်တဲ့ Samsung