Reviewer တစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် | Reviewer လုပ်ခဲ့သမျှ ဖုန်းတွေထဲမှာအကောင်းဆုံးဖြစ်တယ်လို့ခံစားရတဲ့ Budget, Mid-range နဲ့ Flagship ဖုန်းများ

အခု ဆောင်းပါဟာ ကျွန်တော် Reviewer လုပ်ခဲ့တဲ့ ၂ နှစ်အတွင်း ကိုင်ခဲ့ဘူးသမျှဖုန်းတွေထဲမှာ အကောင်းဆုံးလို့ခံစားရတဲ့ဖုန်းတွေကို 100% ရိုးသားစွာနဲ့ဘက်မလိုက်ပဲဖော်ပြသွားမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အကောင်းဆုံးဖြစ်တယ်လို့ခံစားရတဲ့ ဖုန်းတွေကို စျေးနှုန်းတန်းအလိုက် Budget , Mid-Range နဲ့ Flagship ဆိုပြီးသုံးမျိုးခွဲပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။  

1.      Budget ဖုန်း

Budget ဖုန်းဆိုတာတော့ သုံးသိန်းခွဲမကျော်တဲ့စျေးနှုန်းဖုန်းတွေပဲဖြစ်ပါတယ်။ Budget ဖုန်းတွေထဲမှာအကောင်းဆုံးဖြစ်တဲ့ဖုန်းတစ်လုံးဆိုတာ သုံးရတဲ့အခါမှာ UI ပိုင်း ညက်ညောချင်းကအဓိကကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းတစ်လုံးရဲ့ first impression က UI ပိုင်းဖြစ်ပြီး ဒီဇိုင်းကတော့ နောက်မှလာပါတယ်။ ကင်မရာလည်းအရမ်းကြီးမညံ့ပဲနဲ့အသင့်အတင့်ဆိုရင် အကောင်းဆုံးဖြစ်သွားပါပြီ။

ကျွန်တော့်အတွက် အတွက်မှတ်မှတ်ရရဖြစ်စေပြီး Review လုပ်ရတာအကောင်းဆုံးဖြစ်ခဲ့တဲ့ Budget ဖုန်းကတော့ Huawei Y8p ပဲဖြစ်ပါတယ်။ စစထွက်ချင်းတုန်းက 299900 ပဲကျပြီး ဒီစျေးနှုန်းမှာ OLED screen ပါတဲ့ဖုန်းဆိုတာမရှိသလောက်ကိုရှားပါတယ်။ Battery ကလည်း 4000 mAh ပါဝင်ပြီး Ram 6GB နဲ့ 128GB storage ပါ။ UI ကလည်း EMUI ဖြစ်တဲ့ အတွက် တော်တော်လေး smooth ဖြစ်ပြီး လက်ထဲမှာလည်း 4000 mAh သုံးထားတဲ့ ဖုန်းတစ်လုံး လို့မထင်ရအောင်ကိုတော်တော်ပေါ့ပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ဖုန်းဆိုတာမရှိပါဘူး။ Huawei ဖြစ်တဲ့အတွက် Google service မပါတာကအားနည်းချက်တစ်ခုလိုဖြစ်စေပြီး တခြား Feature တွေကတော့ဘာမှကိုပြောစရာမလို‌လောက်အောင်ပြီးပြည့်စုံပါတယ်။ နောက်ပြီး ဒီ ဖုန်းမှာ under display fingerprint နဲ့ iPhone မှာတောင်မပါတဲ့ Always on display လည်း ပါဝင်ပါတယ်။

1.      Mid-range

ဖုန်းကုမ္ပဏီတွေထုတ်သမျှဖုန်းတွေထဲမှာ အများဆုံးကတော့ Mid-range ဖုန်းတွေပဲဖြစ်ပါတယ်။ Mid-range ဖုန်းဆိုတာစျေးနှုန်း 7 သိန်းခွဲ မကျော်တဲ့ ဖုန်းတွေဖြစ်ပါတယ်။ Mid-range ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်စေတယ်လို့ခံစားရတဲ့ဖုန်းကတော့ Mi 11 lite ပါ။ Snapdragon 732G (8nm) ကိုသုံးထားတဲ့အပြင် AMOLED screen နဲ့ 90Hz လည်းပါပါတယ်။ ပေးရတဲ့စျေးနှုန်းကလည်း 6 သိန်း 3သောင်းကျော်ပဲရှိတဲ့အပြင် battery 4250 mAh ပါတဲ့အပြင် ဖုန်းလေးကတော်တော်ပေါ့ပြီး ကင်မရာဒီဇိုင်းလေးက လည်း တော်တော်လှပါတယ်။ Google ပါဝင်ပြီးသား Global အလုံးတွေလည်းရပြီးသားပါ။ ကင်မရာကလည်း over saturated မဖြစ်တဲ့အပြင် low light နဲ့ Video performance ကလည်းတော်တော်လေးကိုကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ အားနည်းချက်ကတော့ Fingerprint side mounted ဖြစ်နေတဲ့အပြင် resolution က 1080 p ဖြစ်နေတာပါ။

1.      Flagship

ရွေးချယ်ရအခက်ဆုံးကတော့ Flagship ဖုန်းတွေပဲဖြစ်ပါတယ်။ Flagship ဖုန်းတွေကအားလုံးနီးပါးကကောင်းမွန်အောင် ထုတ်လုပ်ထားတဲ့အတွက် Feature ပိုင်းတွေကတော့ လုံးဝကိုပြောစရာမလိုအောင်ပြည့်စုံပါတယ်။ အဲ့တော့ Flagship ဖုန်းကိုရွေးပေးရမယ်ဆိုရင်စျေးနှုန်းနဲ့ပြန်ချိန်ကြည့်ရတာပဲများပါတယ်။ ကျွန်တော့်အတွက်စိတ်ကျေနပ်မှုအရှိဆုံးဖုန်းက‌တော့ ‌ထွက်ခါစတုန်းကစျေးနှုန်း ၁၁ သိန်းကျော်နဲ့ OnePlus 8 pro ပဲဖြစ်ပါတယ်။ အဲ့အချိန်တုန်းကထွက်ခဲ့တဲ့ S20Plus , iPhone 11 pro နဲ့ Huawei P40 pro တို့က 15 သိန်းအထက်မှာရှိနေပါတယ်။ OnePlus 8 pro က သူတို့နဲ့ Specification အတူတူကိုပဲစျေးက 5 သိန်းနီးပါးလောက်သက်သာနေတာကြောင့် OnePlus 8 pro ကို All rounder best Flagship လို့တောင်ပြောလို့ရပါတယ်။ Refresh rate 120 Hz , Resolution 1440p အပြင် Snapdragon 865 5G နဲ့ Video quality ပိုင်းက 4K မှာ iPhone နီးပါလောက် ကောင်းမွန်တဲ့ OnePlus 8 pro ကတော့ ကျွန်တော် Review  လုပ်ခဲ့သမျှဖုန်းတွေထဲမှာတော်တော်လေးအမှတ်ရစေတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

2.      Honorable mention

 နောက်ထပ် အမှတ်ရမိပြီးတန်တဲ့ဖုန်းလေးကတော့ Red magic 5 နဲ့ S20 plus ပဲဖြစ်ပါတယ်။ Red magic 5 က Snapdragon 865 နဲ့ Flagship level hardware တွေပဲသုံးထားတဲ့အပြင် စျေးကလည်း 8 သိန်း 6 သောင်း ဝန်းကျင်ပဲရှိပါတယ်။ Gaming ဖုန်းတွေထဲမှာစျေးအသက်သာဆုံးဖြစ်တဲ့အပြင် ဒီလို Performance နဲ့ ဒီလို‌စျေးကလည်းတော်တော်ကိုတန်တဲ့ဖုန်းဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းက Gaming ဖုန်းဖြစ်တဲ့အတွက် Premium ဆန်တဲ့ Feeling ကိုမရတာကအားနည်းချက်တစ်ခုပဲဖြစ်ပါတယ်။ Game ဆော့ဖို့အတွက် Fan နဲ့ shoulder button တွေပါထည့်ပေးထာပြီး REG light တွေလည်းပါဝင်ပါတယ်။

S20 plus ကတော့ လက်ထဲမှာကိုင်ရတဲ့ Feeling အကောင်းဆုံးဖုန်းတစ်လုံးဖြစ်ပါတယ်။လုံးဝကိုပေါ့ပါးပြီး 120 Hz ဖြစ်တဲ့အပြင် Display ကလည်း Samsung ဖြစ်တဲ့အတွက် ဘာမှကိုပြောစရာမလိုပါဘူး။

Author : Hein Htet

Previous
Previous

အာရှတိုက်မှ နည်းပညာနှင့်ချမ်းသာလာသော ထူးထူးခြားခြား ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာများ

Next
Next

Xiaomi 12 Ultra camera အတွက် Leica နဲ့ ပူးပေါင်းဖို့ပြင်နေ