AMD ရဲ့ GPU ပါလာတော့မယ့် Exynos chipset အသစ်ကိုမိတ်ဆက်မယ့်ရက်ကိုကြေငြာလိုက်တဲ့ Samsung

Samsung ဟာ AMD နဲ့ပူးပေါင်းပြီး graphics performance မြင့်တဲ့ smartphone chipset တစ်ခုကိုဖန်တီးဖို့ ၂၀၁၉ လောက်ထဲကကြေငြာခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒီ chipset ကိုမြင်တွေ့ရဖို့ နီးကပ်လာပါပြီ။ Samsung Exynos ရဲ့ Instagram acoount ကနေတဆင့် “Everything changes on Nov 19” ဆိုတဲ့ စာနဲ့ photo တစ်ခုကိုတင်ပြီး မီတ်ဆက်မယ့်နေ့ကို tease လုပ်သွားပါတယ်။ ဒါကြောင့်အဲ့ဒီနေ့မှာ Exynos 2200 ဖြစ်လာနိုင်တဲ့ chipset အသစ်ကိုမိတ်ဆက်သွားဖွယ်ရှိပြီး ဒီ chipset အသစ်တွေကို Galaxy S22 series မှာစတင်တပ်ဆင်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ rumor တွေအရပါဆိုရင် ဒီ Exynos chipset တွေကို laptop တွေမှာပါသုံးလာနိုင်တယ်လို့သိရပါတယ်။

AMD ကိုယ်တိုင်က ဒီ chipset တွေဟာ ray tracing နဲ့ variable rate shading လို high end Graphic card တွေရဲ့ feature တွေပါ၀င်လာမယ်လို့ပြောကြားထားတဲ့အတွက်ဒီသတင်းဟာဖြစ်နိုင်ချေတော့ရှိပါတယ်။ ဒါဆိုရင်တော့ လူအများမျော်လင့်ထားသလို Graphic performance ကောင်းတဲ့ mobile chipset တွေကို Samsung အနေနဲ့နောက်ဆုံးမှာထုတ်လုပ်ဖြည့်ဆည်းပေးနိုင်တေ့ာမှာပဲဖြစ်ပါတယ်။ Samsung ရဲ့ Exynos chipset တွေအနေနဲ့ Apple နဲ့ Qualcomm တို့ရဲ့ chipset တွေနဲ့ graphic performance ပိုင်းမှာယှဥ်ပြိုင်နိုင်အောင်အမြဲရုန်းကန်ခဲ့ရပြီး ဒီတစ်ခါမှာတော့ AMD နဲ့ ပူးပေါင်းမှုရဲ့ ရလဒ်ကြောင့် ပြန်ပြီး ပြိုင်ဖက်တွေကိုကျော် တက်သွားတော့မလားဆိုတာ November ၁၉ရက်နေ့ မှာ သိရတော့မှာပဲဖြစ်ပါတယ်။

Previous
Previous

Xiaomi 12 Ultra camera အတွက် Leica နဲ့ ပူးပေါင်းဖို့ပြင်နေ

Next
Next

Samsung ၏ နောက်ဆုံးပေါ် Neo QLED နှင့် QLED 4K တီဗီ အမျိုးအစားသစ်များအား မြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်