Samsung ရဲ့ Space Zoom အကြောင်း
လူတိုင်းကြိုက်ကြတဲ့ Samsung ရဲ့ Space Zoom ဟာ တစ်ကယ့် လပုံတွေကို Ai နဲ့ Tuneထားပြီး ပြန််ထုတ်ပေးတာလို့ Reddit မှာပွဲဆူသွားပါတယ်။ အဆိုပါ Post ကို Samsung ဖက်ကလည်းပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။
ပုံတွေကိုစမ်းသပ်ဖို့အတွက် စမ်းသပ်ချက်မှာ ပထမဆုံးလရဲ့ပုံကို တမင်ဝါးသွားအောင် ဓာတ်ပုံရိုက်ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုပါဝါးနေတဲ့ပုံကို Display တစ်ခုပေါ်မှာပြထားပြီး Samsung S23 Ultraနဲ့ ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာတော့ လပုံကို Detail ကျကျပြန်ထွက်လာပါတယ်။
Samsung ကရှင်းထားတဲ့ Post မှာတော့ Samsung အနေနဲ့ ပုံတွေကိုလုံးဝအတုလုပ်တာမဟုတ်ပဲ AI Engine နဲ့ပြန်ပြီး နဂိုမူရင်းပုံကို Tune လုပ်ပြီး Detail ပြန်ပြင်တာဖြစ်တယ်လို့ အကြမ်းဖျဥ်းသိရနိုင်ပါတယ်။
တစ်ကယ်တော့ Phone Camera မှာရှိတဲ့ Hardware တစ်ခုတည်းနဲ့ခုလို Detail ပြတ်တဲ့ ပုံတွေကိုရဖို့ဆိုတာ Software အကူအညီမပါပဲတော့ ရဖို့ခက်ခဲပါတယ်။ နောက်ပိုင်း ပိုကောင်းလာတဲ့ Hardware တွေနဲ့ဆိုရင်တော့ Samsung ရဲ့ Space Zoom ကထုတ်ပေးတဲ့ ဓာတ်ပုံတွေ ဘယ်လိုထိဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : The Verge