iOS 17 မှာအသစ်ပါလာတဲ့ Android မှာရှိပြီးသား Features ၉ ခု

နောက်ပိုင်းမှာ Apple ဆိုတာ Trend Make ဆိုတာထက် Trend Setter လို့ခေါ်ရင်ပိုမှန်ပါတယ်။ တစ်ခြားဖုန်းတွေမှာ ထည့်သွင်းပြီးသား Feature တွေကို User ပိုသုံးချင်လာအောင် Trend Set တဲ့နေရာမှာ Apple ကဆရာတစ်ဆူပါ။ ဆိုတော့ iOS 17 မှာပါလာတဲ့ Android မယ်ရှိပြီးသား Feature တွေကို ပြောပြချင်ပါတယ်။

၁. Standby

Standby ဆိုတာ iPhone ကို Stand မှာတပ်လိုက်တာနဲ့ Widget ပေါင်းစုံပါတဲ့ Digital Clock အဖြစ်ပြောင်းပေးမယ့် iOS 17 Feature တစ်ခုပါ။ ဒါပေမယ့် Android မှာလည်း Idel လုပ်ပြီး Screen Saver အဖြစ်သုံးလို့ရမယ့် Feature ပါလာခဲ့တာ ကြာပါပြီ။ ဒါ့အပြင် Google ကထုတ်တဲ့ Pixel တွေမှာလည်း Pixel Stand နဲ့ချိတ်လိုက်ရင် Digital Clock အပြင် Widget Control လုပ်နိုင်တဲ့ Feature လည်းပါပြီးသားပါ။ Samsung မှာလည်း Digital Clock အဖြစ်သုံးနိုင်တဲ့ AOD Landscape Mode ရှိပါတယ်။

၂. Live Voicemail

Pixel Phone Exclusive ဖြစ်တဲ့ Call Screen ဆိုတဲ့ Feature ဆိုတာကိုသုံးဖူးရင် Live Vm ဆိုတာကလည်း ထူးမခြားနားပါပဲ။ ကိုယ့်ကိုဖုန်းခေါ်လို့ မကိုင်နိုင်သေးရင် Live Call Screen ကိုနှိပ်ပြီး Voice mail ချန်ခဲ့လို့ရပါတယ်။

၃. NameDrop Vs Android Beam

Android Beam ဆိုတာကလည်း Android ဖုန်းတွေမှာ Contact Info တွေရှဲဖို့ သုံးဖို့အတွက် အသုံးပြုပါတယ်။ ဒါပေမယ့် Android Beam ကို Android 14 မှာဖြုတ်လိုက်ပြီဖြစ်ပြီး Apple iOS 17 မှာတော့ NameDrop ဆိုပြီးထွက်လာပါတယ်။

၄. Interactive Home Screen Widget

Widget တွေ Interactive ဖြစ်နေတာလည် Android မှာကြာခဲ့ပါပြီ။ Smart Home သုံးသူတွေဆိုရင် Android Widget တွေ Interactive ဖြစ်ကြောင်းကို ကောင်းကောင်ကြီး အသုံးချဖူးမှာပါ။ ခုတော့ Apple က Interactive Home Screen ကိုမိတ်ဆက်လာပါတယ်။

၅. Pictures ထဲမှာ အိမ်မွေးတိရစ္ဆာန်တွေကို Detect လုပ်နိုင်မယ်

Google Photo မှာဆိုရင် လူမျက်နှာအလိုက်၊ ခွေးဆိုရင်တောင် မတူညီတဲ့တစ်ကောင်ချင်း၊ ကြောင်၊ Geolocation အလိုက်ပုံတွေခွဲပေးတဲ့အပြင် Google ရဲ့ AI ကို Photos တွေမှာသုံးတာက အကြမ်းစားကြီးဖြစ်နေတာ အနည်းငယ်ကြာပါပြီ။

၆. Simplified Home Screen

Android ဖုန်းတွေမှာလည်း Mid Range Budget ဖုန်းတွေမှာပါ Mini Phone လိုမျိုး Basic Feature တွေဖြစ်တဲ့ ဖုန်းခေါ်တာ၊ SMS ပို့တာနဲ့ ကိုယ်သုံးလိုတဲ့ App တွေကိုပဲ Home Screen မှာတင်ပြီးသုံးလို့ရတဲ့ လုပ်ဆောင်ချက်က ပါဝင်ပြီးသားဖြစ်ပါတယ်။ iOS 17 မှာလည်း ထို Feature ကိုစတင်မိတ်ဆက်လာပါတယ်။

၇. Offline Maps Download

Google Maps ရော၊ Open Source Maps တွေဖြစ်တဲ့ Maps.me, Mapillary တို့မှာဆိုရင် ကိုယ်လိုချင်တဲ့ Area ကိုပဲ Download ထားလို့ရတာ နှစ်ချီကြာခဲ့ပါပြီ

၈. Keyboard မှာ Text prediction

Gboard သုံးသူတွေဆိုရင် Keyboard Text Prediction ကိုသုံးဖူးကြမှာပါ။ ကိုယ် Type နေကျ Key Pattern ကိုမှတ်ထားပြီး Next word Predict လုပ်တာကိုလည်း Apple iOS 17 မှာမိတ်ဆက်ထားပါတယ်။

၉. Lock Incognito Tabs

ပြီးခဲ့တဲ့ January တုန်းက Android တွေမှာ Incognito Tabs တွေကို Lock နိုင်တဲ့ လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Apple ကလည်း iOS 17 မှာ Lock Incognito Tabs တွေကို မိတ်ဆက်ခဲ့ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung SmartTag News

Next
Next

Apple Vision Pro အပေါ် Mark Zuckerberg အမြင်