Tik Tok Video တစ်ခုကြောင့် Apple ဝန်ထမ်း အလုပ်ဖြုတ်ခံမယ်လို့ သတိပေးခံရ

Apple အနေနဲ့ သူတို့ရဲ့ Hardware Engineer တစ်ယောက်ကို TikTok ပေါ်မှာ iPhone Security Tips တွေမျှဝေမှုကြောင့် အလုပ်ဖြုတ်ခံရမယ်လို့ သတိပေးခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဝန်ထမ်းဟာ ကုမ္ပဏီကချမှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ခဲ့တာမို့ ခုလိုသတိပေးခံခဲ့ရတာဖြစ်ပါတယ်။ Apple မှာအလုပ်လုပ်နေဆဲ ဝန်ထမ်းတွေဟာ Public နဲ့ Social Midea ပေါ်မှာ Apple မှာဝန်ထမ်းဖြစ်ကြောင့် ထုတ်မပြောဖို့ စည်းမျဥ်းရှိပါတယ်။

Apple မှာအလုပ်လုပ်တဲ့သူတွေဟာ Apple မှာ အလုပ်လုပ်နေကြောင်းနဲ့၊ အကယ်လို့ အလုပ်ထွက်ခဲ့ရင်လည်း အလုပ်လုပ်ဖူးကြောင်း ၃ နှစ်အတွင်း ပြောဆိုခွင့်မရှိပါဘူး။ ဒါ့အပြင် Apple မှာအလုပ်လုပ်ဖူးကြောင်းကိုလည်း Social Media မှာတင်ပိုင်ခွင့်လည်း မရှိတာမို့ ဒီလုပ်ရပ်ဟာ ကုမ္ပဏီဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။

ယခု TikTok Video ထဲမှာ Apple Hardware ဝန်ထမ်းဖြစ်တဲ့ Campbell ဟာ သူရဲ့ ​ TikTok Follower တစ်ယောက် Coachella ပွဲမှာ ဖုန်းခိုးခံရပြီးနောက် ခြိမ်းခြောက်စာတွေလက်ခံရရှိတာအတွက် ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပြောပြရင်း အဆိုပါ Video ဟာ Viral ဖြစ်သွားပြီး Viewer သန်းချီသွားတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Apple ကနေ အလုပ်ထုတ်ခံရနိုင်ကြောင်း သတိပေးချက်ထွက်လာတာဖြစ်ပါတယ်။

ကုမ္ပဏီကြီးတွေအနေနဲ့ မိမိတို့ဝန်ထမ်းတွေကို ဝန်ထမ်းဖြစ်ကြောင်း လျှို့ဝှက်ထားခိုင်းတတ်ကြတဲ့အကြောင်းအရင်းကတော့ ဝန်ထမ်းတွေကို ကုမ္ပဏီအကြောင်းပြုပြီး အသက်အန္တရာယ်ခြိမ်းခြောက်တတ်ကြလို့ဖြစ်ပြီး YouTube မှာ ဝန်ထမ်းတစ်ယောက်စီက အချက်အလက်ပေါက်ကြားပြီး ရုံးကိုဝင်ရောက် ပစ်ခတ်တဲ့သာဓကတွေကိုရှိခဲ့ဖူးပါတယ်။ Campbell ကတော့ လောလောဆယ် Apple ငါ့ကို အလုပ်မဖြုတ်ပါနဲ့ဆိုပြီး နောက်ထပ် Video တစ်ခု TikTok မှာထပ်တင်ထားပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung Ringtone Over The Horizon Remix အသစ်ကို BTS အဖွဲ့ဝင် SUGA နဲ့မိတ်ဆက်

Next
Next

ဆန်းသစ်ခန့်ညားသော အရောင်သစ်မျာ:ဖြင့် ထပ်မံထုတ်လုပ်ထားသည့်Galaxy A03 Core စမတ်ဖုန်းကို တိုင်းရင်းသာ:ဘာသာစကားများဖြင့် ဖန်တီးထုတ်လုပ်ထားသောသီချင်းမျာ:နှင့်အတူ Samsung Myanmar မိတ်ဆက်