Samsung ရဲ့ Mid-range ဖုန်းတွေမှာ AMD Graphics နည်းပညာကို မြင်ရဖွယ်ရှိ

Samsung နဲ့ပတ်သတ်ပြီး နာမည်ကြီး Leakster တစ်ယောက်ဖြစ်တဲ့ Tech_Reve က AMD Graphics နည်းပညာတွေကို Samsung ရဲ့ လာမယ့်နှစ် ၂၀၂၄ မှာထွက်မယ့် mid-range Exynos chipsets တွေမှာ ပါဝင်လာနိုင်ချေရှိတယ်လို့ X မှာပြောပါတယ်။

Samsung နဲ့ AMD တို့ဟာ AMD ရဲ့ RDNA2 Graphic နည်းပညာကိုအသုံးပြုပြီး Samsung ရဲ့ High-end ဖြစ်တဲ့ Exynos 2200 ကို ထုတ်လုပ်နေတာဖြစ်လို့ AMD ရဲ့ Ray-Tracing တွေကို Exynos 2200 မှာမြင်လာရဖို့ရှိပါတယ်။

Samsung အနေနဲ့ AMD ရဲ့ နည်းပညာကိုအသုံးပြုပြီး Machine-learning နဲ့ image-processing ကို Mid-Range ဖုန်းတွေရဲ့ Gaming Performance ထက်ပိုအာရုံစိုက်လာဖွယ်ရှိပါတယ်။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone Emergency Satellite တွေကို အာကာသထဲပို့ပေးဖို့ SpaceX ကိုသုံးသွားမယ့် Globalstar

Next
Next

iPhone 15 နဲ့ Charging Cable အရှုပ်တော်ပုံ