iPhone 15 နဲ့ Charging Cable အရှုပ်တော်ပုံ

iPhone 15 မှာ USB-C Port ပြောင်းသွားတာနဲ့အတူ အကုန်လုံးလည်း စိတ်လှုပ်ရှားနေကြမှာပါ။ ဒါ့အပြင် ပွဲနေ့လည်းနီးပြီဆိုတော့ သတင်းတွေလည်းပွထနေပါပြီ။

Apple အနေနဲ့ iPhone 15 Series မှာ USB-C ပြောင်းမယ်ဆိုပေမယ့် Base Model တွေမှာပါလာမယ့် Box ထဲက Original ကြိုးမှာတော့ USB 3.0 Data Transfer Rate မပေးပဲ USB 2.0 Speed ကိုပဲပေးထားဖို့ များပါတယ်။ အဲ့တော့ Third-party Cable တွေဝယ်ဖို့ပြင်ထားပါ။ ပိုကောင်း၊ ပိုမြန်တဲ့ Thunderbolt Technology ကိုတော့ Pro Model တွေမှာပဲထည့်ပေးထားဖို့များပါတယ်။

နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ iPhone 15 Model တွေအကုန်လုံးမှာ Thunderbolt နည်းပညာထည့်ပေးထားပြီး Thunderbolt Support လုပ်တဲ့ Cable တွေကိုတော့ သပ်သပ်ခွဲရောင်းမယ့်သဘောဖြစ်နိုင်ပါတယ်။ အဲ့တော့ Thunderbolt support လုပ်တဲ့ Original Cabel တွေက $100 ကျော်တာမို့ ဈေးကတော့နည်းမှာမဟုတ်လို့ Third-party တွေကတော့ ဘယ်လိုဖြစ်ဖြစ် ဝယ်ရဦးမှာပါပဲ။

နောက်တစ်ခုက Cable တွေကို အရောင်တွေနဲ့ထုတ်ပေးမယ်ဆိုတာပါ။ Apple Charging Cable တွေဘယ်လောက် Quality မကောင်းပဲ၊ ကြာကြာမခံလဲဆိုတာ Apple Fan တိုင်းသိမှာပါ။ ဒီတစ်ခေါက်မှာတော့ Cable တွေကို ပိုအကြမ်းခံပြီး၊ ပိုပြီးရှည်လျားတဲ့ Cable တွေပါလာမယ်လို့ သိရပါတယ်။ Braided Cable ဖြစ်တဲ့အတွက် ကြိုးအပေါ်မှာ Mash လုပ်ထားတဲ့ Layer တစ်ခုပါလာပါလိမ့်မယ်။

နောက်ဆုံးတစ်ခုကတော့ ခုအများစုထင်သလိုမျိုး ကြိုးနဲ့ဖုန်းမတူရင် အားသွင်းလို့မရဘူးဆိုတဲ့ ပြဿနာက မဖြစ်လာနိုင်ဘူးလို့ သုံးသပ်ချင်ပါတယ်။ ဘာလို့လဲဆိုရင် အဲ့လိုသာလုပ်ခဲ့ရင် Apple အနေနဲ့ EU ဖက်မှာရှေ့နေကောင်းကောင်း ထပ်ငှားထားဖို့လိုလာမှာမို့လိုပါပဲ။ EU ကတရားထပ်စွဲပါလိမ့်မယ်။

Ref : MacRumor, 9to5Mac

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung ရဲ့ Mid-range ဖုန်းတွေမှာ AMD Graphics နည်းပညာကို မြင်ရဖွယ်ရှိ

Next
Next

Facebook Service တွေကို ပိတ်သိမ်းမယ်လို့ ထိုင်းနိုင်ငံ အစိုးရခြိမ်းခြောက်