iPhone Emergency Satellite တွေကို အာကာသထဲပို့ပေးဖို့ SpaceX ကိုသုံးသွားမယ့် Globalstar

Globalstar ဟာ iPhone 14 တွေမှာ iPhone Emergency Satellite Connection ကို Service ပေးနေတဲ့ Company ဖြစ်ပါတယ်။ iPhone 14 ထွက်ပြီး တစ်နှစ်လောက်ရှိလာချိန် iPhone 15 လည်းထွက်တော့မယ်ဆိုတော့ Apple အနေနဲ့လည်း ဒီ Service ကို ချဲ့ဖို့စိတ်ကူးထားတယ်ထင်ပါတယ်။ Globalstar ရဲ့ Satellite တွေကို SpaceX ရဲ့ ဒုံးပျံတွေသုံးပြီး လွှတ်တင်ဖို့ Service Contract ချုပ်လိုက်ပါတယ်။

ဒါကတော့ လာမယ့် ၂ နှစ်အတွင်း SpaceX က Globalstar ကိုအမေရိကန်ဒေါ်လာ ၆၄ သန်းဖိုး ဒုံးကျည်တွေ အာကာသ ဖယ်ရီလုပ်ပေးရမှာဖြစ်ပါတယ်။ အရင်ကလည်း SpaceX က Globalstar ဂြိုလ်တုတစ်ခုကို အာကာသထဲပို့ပေးဖူးပါတယ်။

ဥရောပနိုင်ငံတစ်ချို့ပဲ ရနေသေးတဲ့ Satellite Connection ကိုမြှင့်ဖို့ရယ်နဲ့၊ ဖုန်းအသစ်တွေမှာ Satellite Connection ကိုထည့်သွင်းဖို့အတွက် Apple အနေနဲ့လည်း ကြိုးနေတာဖြစ်နိုင်ပြီး မကြာခင်က Rumor ထားတဲ့ Satellite Texting အတွက်ကိုလည်း Apple ပြင်ဆင်နေတာဖြစ်နိုင်ပါတယ်။

Ref : 9to5Mac

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Public Place တွေက USB အားသွင်းပေါက်တွေမှာ အားမသွင်းကြဖို့ FBI သတိပေး

Next
Next

Samsung ရဲ့ Mid-range ဖုန်းတွေမှာ AMD Graphics နည်းပညာကို မြင်ရဖွယ်ရှိ