Samsung Message Guard ဘယ်လိုအလုပ်လုပ်လဲ
ဖုန်းတစ်လုံးရဲ့ နေ့စဥ်အသုံးပြုမှုတွေထဲမှာ မပါမဖြစ််ကတော့ SMS ပို့တာပါ။ တစ်ကယ်လို့ မိတ်ဆွေကအသုံးမပြုဖြစ်ဘူးဆိုရင်တောင်မှ Operator SMS တွေကတော့ နေ့စဥ်ဝင်လာတတ်သလို Spam SMS တွေလည်း နေ့စဥ်ဝင်လာနိုင်ပါသေးတယ်။ SMS Marketing လုပ်တဲ့ ကုမ္ပဏီတွေကလည်း SMS တွေပို့လာနိုင်တဲ့ အခြေအနေတွေရှိပါသေးတယ်။
SMS ကိုနေ့စဥ်အသုံးပြုလာတဲ့အခါ အဖျက်အမှောင့်သမားတွေကလည်း SMS ကနေ Spam SMS, Virus SMS, Spyware SMS တွေပို့တဲ့ကိစ္စတွေရှိလာပါတယ်။ 2017 ဝန်းကျင်တုန်းက နိုင်ငံကျော် နာမည်ကြီး စာရေးဆရာ၊ သတင်းသမား၊ နိုင်ငံရေးသမားတွေကို Virus Mail တွေပို့ခံရတဲ့ သာဓကတွေ အနောက်နိုင်ငံမှာ ဒုနဲ့ဒေးပါပဲ။ ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုရင် Link Click တစ်ခုလုပ်စရာမလိုပဲ အလိုအလျောက် Spyware သွင်းတဲ့အထိ အန္တရာယ်များခဲ့တာပါ။ ဒီအဖြစ်အပျက်တွေကို Zero-click Spyware လို့ခေါ်ပါတယ်။
Samsung အနေနဲ့ ဒီပြဿနာကို ရှောင်ရှားနိုင်ဖို့ Samsung S23 Series ကစလို့ SMS Guard ကိုထည့်သွင်းပေးသွားမှာဖြစ်ပြီး တစ်ခြား Galaxy Devices တွေမှာတော့ လာမယ့် Update တွေမှာ တစ်ဖြည်းဖြည်းချင်း ထည့်ပေးသွားမယ်လို့ ကြေငြာထားပါတယ်။ Google Message မှာလည်း ဒီ Feature ကိုအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Samsung SMS Guard ဟာ ဝင်လာတဲ့ SMS တိုင်းကို ဖုန်းရဲ့ သီးခြား Memory ပေါ်မှာသိမ်းဆည်းထားပေးပြီး ကျန်တဲ့လုပ်ဆောင်ချက်တွေကို မထိခိုက်အောင် ကာကွယ်ပေးတဲ့ ပုံစံနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။
မိတ်ဆွေတို့ရော SMS ကနေ Virus ကိုက်ဖူးလားဗျ။ သေချာတာကတော့ မြန်မာနိုင်ငံကလူတွေ Monkey Test Virus ကိုတော့ကြုံဖူးကြမယ်ထင်တယ်။ Monkey Test ကလည်း SMS ကနေကူးတဲဲ့ အဖြစ်အပျက်တွေရှိခဲ့ဖူးပါတယ်။
Ref : SamMobile