လစဥ်ကြေးနဲ့ Facebook Blue Mark ဝယ်လို့ရပြီ

လွန်ခဲ့တဲ့ နာရီပိုင်းကပဲ Meta CEO Mark Zuckerberg အနေနဲ့ Facebook မှာ အကောင့်ပိုင်ရှင်တိုင်းအနေနဲ့ လစဥ်ကြေးတစ်ခုပေးပြီး Blue Mark လျှောက်လို့ရပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ လောလောဆယ်မှာတော့ နိုင်ငံတိုင်းမရသေးပဲ Austrilla နဲ့ New Zealand မှာပဲရဦးမှာပါ။ သူရဲ့ Post အောက်မှာတော့ ပွဲဆူနေပါတယ်။

Blue Mark လိုချင်သူတွေဟာ Web ပေါ်ကသုံးသူတွေအနေနဲ့ $11.99 ၊ iOS သမားတွေကတော့ $14.99 ဆိုပြီး လစဥ်ကြေးပေးပြီး Blue Mark ဝယ်လို့ရနိုင်ပါတယ်။ Blue Mark လိုချင်သူတွေဟာ အစိုးရကထုတ်ပေးထားတဲ့ ID တစ်ခုခုလည်းလိုဦးမှာပါ။ ခံစားခွင့်တွေကတော့ Facebook ရဲ့စိတ်ပျက်ဖို့ကောင်းတဲ့ Customer Support ကို Premium Version အနေနဲ့ Direct Access Support ရမှာဖြစ်ပြီး ကိုယ့်နာမည်နဲ့ အကောင့်တုတွေကိုလည်း အရင်ကထက်မြန်မြန်ရှင်းနိုင်မှာဖြစ်လို့ အကောင့်တု ခဏခဏ ဖွင့်ခံရသူတွေအတွက်တော့ အသုံးဝင်လာကောင်း လာနိုင်ပါတယ်။

အရင်တုန်းက Blue Mark ဆိုတာ သတင်းသမားတွေ၊ နိုင်ငံကျော်နိုင်ငံရေးသမားတွေ၊ Celebrityတွေသာ ရနိုင်တဲ့အခွင့်အရေးဆိုပေမယ့် ခုတော့ ပိုက်ဆံပေးရင် Blue Mark ဆိုတာ အေးဆေးဝယ်လို့ရသွားပြီဖြစ်ပါတယ်။ Blue Mark ရဲ့နဂိုမူလ ရည်ရွယ်ချက်ကလည်း အကောင့်တုမဟုတ်ပဲ Identity အစစ်ဖြစ်ကြောင်းကို အာမခံထားသလိုပဲမို့ ခုတော့ ပိုက်ဆံပေးသူတိုင်း အခွင့်ထူးခံနိုင်ပါပြီ။ Mark တစ်ယောက် Elon နဲ့ လက်ဝါးချင်းရိုက်ထားသလားတော့ သူတို့ချင်းသာသိပါမယ်။

#Akhayar

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung Message Guard ဘယ်လိုအလုပ်လုပ်လဲ

Next
Next

Microsoft Bing အကြောင်း