ကိုယ်ပိုင် Dynamic Island Design နဲ့ထွက်လာတော့မယ့် Realme

Apple ရဲ့ Dynamic Island ထွက်လာပြီးတဲ့နောက် Custom Third-party Dynamic Island App တွေထွက်လာပေမယ့် ခုတော့ Realme ကိုယ်တိုင် Dynamic Island ကိုမွေးစားတော့မှာပါ။ Apple နဲ့ Android တွေကလည်း သူနဲ့ကိုယ်နဲ့ အပြန်အလှန် မသိမသာ၊ သိသိသာသာ ကူးနေကြဆိုပေမယ့် “သားကြီး အိမ်စာကူးရင် နည်းနည်းလေးတော့ ပြောင်းကူးလိုက်ကွာ” ဆိုတဲ့အတိုင်း Apple ကူးရင် မသိသာပေမယ့် ​Android ကူးရင်တော့ အမြဲဝိုင်းပြောနေကြဆိုတာ ထုံးစံလိုပါပဲ။

ခုလည်း Realme အနေနဲ့လာမယ့် MWC ပွဲမှာမိတ်ဆက်မယ့် Entry Level ဖုန်းတစ်ခုမှာ Dynamic Island ကိုမြင်ရမှာဖြစ်ပါတယ်။ Apple ရဲ့ကျွန်းထက်ပိုပြီး ကြီးနိုင်ပြီး Third-Party App တွေရော ကျွန်းခံလို့ရမလား၊ System Notification တွေပဲ ကျွန်းခံမလားဆိုတာတော့ မသိနိုင်ပါဘူး။ ဒါပေမယ့် အများကြီးမျှော်လင့်ထားလို့မရပဲ နောက်ပိုင်း Software Update နဲ့ပြင်ဆင်ပေးလာရင်တော့ ပိုကောင်းလာဖို့မျှော်လင့်ရပါတယ်။

Entry ဖုန်းတွေမှာ Authentic ဖြစ်ဖို့ထက် လူကြိုက်များတဲ့ Feature တွေကို တတ်နိုင်သမျှ များများနဲဲ့ ထည့်ပေးနိုင်ဖို့က Target လိုဖြစ်နေပြီး နောက်ပိုင်းမှသာပိုကောင်းတဲ့ Software Update တွေနဲ့ ပြင်ပေးတာမျိုးပဲ လုပ်လေ့ရှိပါတယ်။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Dota 2 အကောင့် ၄၀,၀၀၀ ကျော်ကို အပြီးဘန်းလိုက်တဲ့ Valve

Next
Next

Samsung Message Guard ဘယ်လိုအလုပ်လုပ်လဲ