Samsung ရဲ့ မျိုးဆက်သစ် Flagship Foldable ဖုန်း Galaxy Z Fold 4

ဒီမျိုးဆက်သစ် Samsung Fold ဖုန်းကို ဒီနှစ်နွေမှာ မိတ်ဆက်သွားမယ်လို့ မျှော်မှန်းရပါတယ်။ ဒီပုံတွေကိုတော့ SmartPrix လို့ခေါ်တဲ့ တစ်ယောက်က Render ပုံတွေ တင်ထားတာဖြစ်ပါတယ်။ Officialတော့မဟုတ်သေးပါဘူး။ ပုံထဲကိုကြည့်လိုက်ရင် Z Fold 3 နဲ့ ဒီဇိုင်းကအတော်လေးတူနေတာကို တွေ့နိုင်ပါတယ်။ 6.2 လက်မရှိတဲ့ Cover Display လည်းပါဝင်ပြီး အထဲမှာတော့ 7.6 လက်မရှိတဲ့ Foldabel Display ကိုတွေ့နိုင်ပါတယ်။ ဒါ့ပေမယ့် Rear Camera Design ကိုတော့ Galaxy S22 Ultra နဲ့ပုံစံတူလုပ်ထားပါတယ်။

Selfie Camera ကိုတော့ Under-Display Camera ကိုသုံးပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် မနှစ်ကအသုံးပြုသူတွေကတော့ Under-display Camera ကို သိပ်မကြိုက်ကြပါဘူး။ ဒီနှစ်မှာတော့ Performance ပိုကောင်းအောင်လုပ်ထားမယ်လို့ မျှော်မှန်းရပါတယ်။ လုပ်လည်း လုပ်ထားရမှာပါ။ နောက်ကျော်မှာ ကင်မရာ ၃ လုံးကိုမြင်ရပါမယ်။ ဘယ်လိုမျိုး Sensor Size တွေနဲ့လာမလဲဆိုတာတော့မသိရသေးပါဘူး။

S-pen အတွက်နေရာမကျန်တဲ့ပုံမို့ S-pen မျှော်လင့်နေသူတွေအနေနဲ့တော့ ဝမ်းနည်းစရာပါပဲ။ Z Fold 3 မှာ S-pen Built-in မပါပေမယ့် Support ပေးတာကြောင့် သပ်သပ်ဝယ်သုံးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် S-pen ထည့်စရာနေရာမပါတာကြောင့် S-pen ထည့်လို့ရမယ့် Phone Case လည်းဝယ်ရပါလိမ့်မယ်။ Z Fold 4 မှာတော့ မနှစ်က Fold တွေလိုမဟုတ်ပဲ အတွင်းမျက်နှာပြင်ကို အနည်းငယ်ပိုကြီးထားပြီး အပြင် Display ကိုအနည်းငယ် သေးထားမယ်လို့ သိရပါတယ်။

Samsung ဖက်ကတရားဝင်ဘာမှမထုတ်ပြန်သေးတာကြောင့် သေချာပြောဖို့ခက်ပေမယ့် ခုထုတ်ပြန်ထားတဲ့အချက်အလက်တွေက ယုံကြည်ရတဲ့ Leakers တွေဆီကလာတာမို့ သေချာသလောက်ရှိနိုင်ပါတယ်။ Galaxy Fold 4 ကို August ဒါမှမဟုတ် September မှာ မိတ်ဆက်သွားနိုင်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Ad-supported Plan နဲ့ Password Sharing fee တောင်းတော့မယ့် Netflix

Next
Next

Android 13, Pixel 6a နဲ့ Pixel Watch တို့ကို မိတ်ဆက်လာနိုင်တဲ့ Google I/O conference