Ad-supported Plan နဲ့ Password Sharing fee တောင်းတော့မယ့် Netflix

ကမ္ဘာ့အကြီးဆုံး Streaming Service တစ်ခုဖြစ်တဲဲ့ Netflix အနေနဲ့ သူတို့ရုပ်သံတွေမှာ ကြော်ငြာတွေမထည့်တော့ဘူးဆိုတဲ့ စကားကို ဆယ်စုနှစ်နဲ့ချီပြီး ပြောခဲ့ပေမယ့် ခုနောက်ပိုင်း ဈေးကွက်နည်းလာတာနဲ့အမျှ​ ပြောခဲ့တဲ့စကားကို ပြန်ရုတ်သိမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒါကတော့ မကြာခင်မှာပဲ ကြော်ငြာပါဝင်ပြီး ဈေးသက်သက်သာသာနဲ့ ကြည့်လို့ရမယ့် လစဥ်ကြေးတစ်ခုကို ထုတ်ပေးတော့မှာပါ။

အစီအစဥ်သစ်ကို ၂ နှစ်အတွင်း ချမှတ်သွားမှာဖြစ်ပြီး ဒီထက်လည်း မြန်ရင်မြန််မှာပါ။ အတွင်းသတင်းတွေအရတော့ ဒီနှစ်ကုန်တောင် ဖြစ်ရင်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ New York Times သတင်းစာအရဆိုရင် ဒီနှစ်ကုန်ပိုင်းလောက်မှာ အမြန်ပြုလုပ်ဖို့ ကုမ္ပဏီအကြီးပိုင်းတွေက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အဲ့အချိန်မှာပဲ Netflix အနေနဲ့ Password မျှပြီးကြည့်တဲ့ သူတွေအတွက်လည်း ငွေကြေးကောက်ခံဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ လိပ်စာအတူတူနေတဲ့သူတွေအတွက် မဟုတ်ပဲ တစ်နေရာနဲ့တစ်နေရာကို မျှဝေကြည့်တဲ့သူတွေတော့ ငွေကြေးပမာဏတစ်ခုကောက်ခံမယ်လို့ ဆိုပါတယ်။ တစ်အိမ်ထဲအတူတူနေတာမဟုတ်ပဲ မျှဝေတာကို ဆိုလိုတယ်ထင်ပါတယ်။

Netflix CEO Greg Peters ပြောကြားချက်အရ Netflix အနေနဲ့ Password မျှဝေတာကို ပိတ်သွားမှာမဟုတ်ပဲ အကောင့်မျှဝေတဲ့အတွက် အနည်းငယ် ပိုက်ဆံပိုကောက်ရုံပဲလို့ဆိုပါတယ်။ လောလောဆယ် Peru, Chile, Costa Rica နိုင်ငံတွေမှာ ဒီစနစ်ကို စမ်းသပ်တာ အသုံးပြုသူတွေရော၊ ကုမ္ပဏီမှာ အကျိုးအမြတ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဥ်တွေ ပြောင်းလဲမှုတွေကို Netflix ရဲ့ Subscriber သန်းနဲ့ချီပြီး ဆယ်စုနှစ်အတွင်း ကျသွားခဲ့ရာကနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ မနှစ်က နှစ်စပိုင်းမှာတင်ကို လူပေါင်း ၂သိန်းလောက် Unsubscribe လုပ်သွားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရုရှား-ယူကရိန်း စစ်ပွဲအပြင် တစ်ခြား နိုင်ငံရေးတွေကြောင့်လည်း အထိနာနေခဲ့တာပါ။ ဒီနှစ်မှာနောက်ထပ် 2 million subscriber လောက်ထွက်သွားဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Radeon RX 6000 Series Graphics Card ၃ ခုမိတ်ဆက်လာတဲ့ AMD

Next
Next

Samsung ရဲ့ မျိုးဆက်သစ် Flagship Foldable ဖုန်း Galaxy Z Fold 4