Android 13, Pixel 6a နဲ့ Pixel Watch တို့ကို မိတ်ဆက်လာနိုင်တဲ့ Google I/O conference

နှစ်စဉ်ကျင်းပလျက်ရှိတဲ့ Google I/O developer conference က မကြာမှီနာရီပိုင်းအတွင်းမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ နှစ်စဉ် Google အနေနဲ့ Software နဲ့ Service Feature အသစ်တွေမိတ်ဆက်ပေးနေကြဖြစ်ပါတယ်။

ဒီနှစ်အတွက် တော့ မိတ်ဆက်ပေးဖို့နာမည်ကြီးနေတဲ့ Software နဲ့ Product အသစ်တွေကတော့

Android 13: Google ရဲ့ Android version အသစ်ဖြစ်တဲ့ Android 13 ကို တရားဝင်ချပြသွားဖို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ Android 13 ရဲ့ Beta 1 ကတော့ ထွက်နေပြီပဲဖြစ်ပါတယ်။ အရင်နှစ်တွေ တုန်းကလုပ်ခဲ့တဲ့ပွဲတွေမှာ Android Update အတွက် Focus ထားခဲ့သလိုပဲ ဒီနှစ်မှာလည်း Android 13 အတွက် အဓိက ထားမိတ်ဆက်ပေးသွားဖို့မျှော်လင့်ရပါတယ်။


Wear OS: ဒီနှစ်မှာ Wear OS နဲ့ ပတ်သက်ပြီး Google က‌ Snapdragon သုံး Watch တွေအတွက Software update ပေးလာနိုင်ပါတယ်။

Pixel 6a နဲ့ Pixel watch: ဒီနှစ် Google I/O conference မှာ Hardware ပိုင်းဆိုင်ရာ Product အသစ်တွေမိတ်ဆက်ပေးလာနိုင်ပါတယ်။အခုနာမည်ကြီးနေတဲ့ Pixel 6 နဲ့ စျေးနဲနဲသက်သာတဲ့ ဖုန်း Pixel 6a နဲ့ Pixel watch တို့ကိုမိတ်ဆက်ပေးလာနိုင်ပါတယ်။ Flagship level chipset ဖြစ်တဲ့ Tensor chipset သုံးထားတဲ့ Pixel 6a နဲ့ Google ရဲ့ ကိုယ်ပိုင် Pixel watch တို့ကိုချပြလာနိုင်ပါတယ်။

Pixel 6a ကို အရမ်းကြီး ဝိတ်မလျှော့ပဲ Pixel 6 မှာ ပါဝင်လာခဲ့တဲ့ Powerful feature တွေဖြစ်တဲ့ Magic eraser ကိုပြန်လည်ထည့်သွင်းပေးဖို့မျှော်လင့်ရပါတယ်။

Previous
Previous

Samsung ရဲ့ မျိုးဆက်သစ် Flagship Foldable ဖုန်း Galaxy Z Fold 4

Next
Next

iPod ထုတ်လုပ်မှုကိုတရားဝင်ရပ်နားလိုက်ပြီဖြစ်တဲ့ Apple