ကမ္ဘာ့ဒုတိယလူသုံးအများဆုံး Browser နေရာကနေ ဆင််းပေးရတော့မယ့် Safari

Apple Safari အနေနဲ့ Google Chrome ကိုတောက်လျောက်ယှဥ်လာခဲ့ပေမယ့် အနိုင်ရခဲ့ခြင်းတော့မရှိပါဘူး။ Safari အနေနဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာတော့ ကမ္ဘာ့ဒုတိယလူသုံးအများဆုံး Browser အနေနဲ့ အချိန်အကြာကြီးရှိနေခဲ့ပါတယ်။ ခုချိန်မှာတော့ Safari အနေနဲ့ ဒုတိယဆိုတဲ့နေရာကိုပါ လက်လွှတ်ရဖွယ်ရှိနေပါတယ်။ StatCounter ဆိုတဲ့ Website အရ Safari အနေနဲ့ January 2022 ထိ ကမ္ဘာ့ဒုတိယအသုံးများဆုံး Web Browser အနေနဲ့ ရှိနေပါတယ်။ ဒါပေမယ့် သူရဲ့ Safari ရဲ့ပြိုင်ဖက်် Browser ၂ ခု Firefox နဲ့ Edge တို့ကခုအချိန်မှာ ဒုတိယနေရာကို ရဖို့နီးကပ်နေပါပြီ။

Chorme ကိုအသုံးပြုသူ ကမ္ဘာတစ်ဝှမ်း 65% ကျော်ရှိပြီး၊ Safari အနေနဲ့ 9.84%, Microsoft Edge အနေနဲ့ 9.54% ရှိပြီးနောက််ဆုံးမှာ Firefox က 8.1% ပဲရှိပါတယ်။ Chrome ကတော့ခုချိန်ထိ ကမ္ဘာ့လူသုံးအများဆုံး ဖြစ််နေဆဲဖြစ်ပြီး Firefox အနေနဲ့ လောလောဆယ်မှာ အသုံးပြုသူ 9.18% ထိဖြစ်လာပြီဖြစ်ပါတယ်။

January 2021 ထိ Desktop Browsing အတွက် 10.38% သော အသုံးပြုသူတွေက Safari ကိုအသုံးပြုခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Apple Safari အနေနဲ့ တစ်ခြား ပြိုင်ဖက်တွေကို တစ်ဖြည်းဖြည်းရှုံးလာတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ကယ်လို့အသုံးပြုသူတွေ ဆက်ပြီးလျော့နေဦးမယ်ဆိုရင် နောက်လအနည်းငယ်အတွင်းမှာ Safari အနေနဲ့ တတိယ ဒါမှမဟုတ် စတုတ္ထနေရာကို ရောက်သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

United States Market တစ်ခုကိုပဲကြည့်မယ်ဆိုရင်တော့ Safari အနေနဲ့ Microsoft Edge ကို 18.12% Vs 12.09% ဆိုပြီး အနိုင်ရနေပါသေးတယ်။ ဒါပေမယ့် Safari အနေနဲ့ ကမ္ဘာ့ ဒုတိယလူသုံးအများဆုံး Browserနေရာကို Europe မှာတော့ဖယ်ပေးလိုက်ရပါပြီ။ Safari အနေနဲ့သုံးလို့အဆင်ပြေပေမယ့် Desktop မှာဆိုရင် MacOs ကလွဲရင် ကျန်တဲ့ OS မှာ ထည့်သွင်းလို့မရပဲ၊ ကျန်တဲ့ Browsers တွေကတော့ Os independent ဖြစ်လို့ ကြိုက််တဲ့ Os မှာ တင်ပြီး အသုံးပြုနိုင်ပါတယ်။

Apple ကိုယ်တိုင်က ဘယ််အကြောင်းကြောင့် အသုံးပြုသူတွေ လျော့သွားရလဲဆိုတာကို သေသေချာချာ မပြောပြထားပေမယ့် Apple Devices တွေမှာ Default အနေနဲ့ ထည့်သွင်းပေးထားတာမို့ Safari အနေနဲ့ အသုံးပြုသူတွေကတော့ရှိနေဦးမှာပါ။ မနှစ်တုန်းက Apple အနေနဲ့ Tab bar နဲ့ URL ကိုပေါင်းပြီး UI အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Update ကြောင့်တစ်ချို့ အသုံးပြုသူတွေဆီက မကျေနပ်သံတွေကြားခဲ့ရတာကြောင့် အရင်ဒီဇိုင်းကိုပဲ ပြန်ပြောင်းခဲ့ပြီး ဒီဇိုင်းအသစ်ကို ကိုယ့်စိတ်ကြိုက်ရွေးချယ့်ပြောင်းလဲလို့ရအောင် ပြုလုပ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေ လျော့ကုန်တာ ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။

Safari အနေနဲ့ တစ်ခြား Browser တွေနဲ့ယှဥ်ရင် တစ်ချို့ Features တွေလိုအပ်နေတာရှိပါသေးတယ်။ တစ်ချို့ဆိုရင် တစ်ခြား Browser တွေမှာရနေတာ အတော််ကြာနေပြီဖြစ်တဲ့ Feature တွေဖြစ်ပါတယ်။ တစ်ချို့ Web Developer တွေဆိုရင် MacOs နဲ့ iOS မှာပဲသုံးလို့ရတဲ့အတွက် "The New Internet Explorer" လို့တောင် ခေါ်နေကြတာရှိပါတယ်။ Apple ကတော့ ခုလက််ရှိဖြစ်နေတဲ့ bugs တွေကိုပြင်ပြီး Feature အသစ်တွေထည့်ပေးသွားမယ်လို့ဆိုပါတယ်။

Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ပြိုင်ဖက် Platform တွေကို နောက်ကွယ်ကနေ ချောက်ချတယ်လို့ စွပ်စွဲခံနေရတဲ့ OnlyFans

Next
Next

Realme V25 ကိုမိတ်ဆက်လာပါတယ်