ပြိုင်ဖက် Platform တွေကို နောက်ကွယ်ကနေ ချောက်ချတယ်လို့ စွပ်စွဲခံနေရတဲ့ OnlyFans

OnlyFans ဆိုတာနဲ့ တော်တော်များများ သိကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နောက်ပိုင်းမှာ လူသိများလာတဲ့ Platform တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက်က Onlyfans အနေနဲ့ သူတို့ရဲ့အဓိက Business model ဖြစ်တဲ့ Adult Content တွေကို တင်ခွင့်မပြုတော့ဘူးလို့ ကြေငြာချက်တစ်ခု ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုဆုံးဖြတ်ချက်ရဲ့ ရိုက်ခတ်မှုကကြီးတဲ့အတွက် Company ဒါရိုက်တာအဖွဲ့အနေနဲ့ ပြန်ပြီးစဥ်းစားနေတယ်လို့ ကြောငြာထားပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်ခန့်က ​OnlyFans အနေနဲ့ ခုလို အပြောင်းအလဲလုပ်နေစဥ်အတွင်းမှာပဲ တစ်ခြားပြိုင်ဖက်တွေကို ချောက်ချနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ OnlyFans အနေနဲ့ သူတို့ဆုံးဖြတ်ချက်ကြောင့် အသုံးပြုသူတွေတစ်ခြား Platform ကိုရောက်သွားမှာ လိုလားပုံမရပါဘူး။ ဒါကြောင့် Blacklist အသွင်းခံထားရဲ့ အကြမ်းဖက်လုပ်ရပ် Content တွေကို ပြိုင်ဖက် Platform တွေပေါ်မှာ ပိုက်ဆံပေးပြီး တစ်ဖက်လှည့် တင်ခိုင်းခဲ့တယ်လို့ဆိုပါတယ်။

ဒီကိစ္စကို BBC က စတင်ပြီး သိရှိကာ သတင်းရေးပြီတဲ့နောက် OnlyFans ပြိုင်ဖက်တစ်ခုဖြစ်တဲ့ FanCentro ဆိုတဲ့ Company က OnlyFans အနေနဲ့ အမည်မသိတဲ့ Social Media Company တစ်ခုကို ပိုက်ဆံပေးပြီး Content တွေဝယ်ယူနေတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ သတင်းတွေအရ Global Internet Forum to Counter Terrorism (GIFCT) database လို့ခေါ်တဲ့ Social Media ပေါ်မှာဘန်းခံထားရတဲ့ Content တွေရှိတဲ့ Database ကနေ အကြမ်းဖက်လုပ်ရပ်ပါဝင်နေတဲ့ Content တွေဖြစ်နေတယ်လို့ဆိုပါတယ်။

GIFCT ဆိုတာ Facebook, Microsoft, Twitter, YouTube အစရှိတဲ့ Company တွေက Social Media ပေါ်မှာ အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက်မှုလျော့ချဖို့အတွက် ပြုလုပ်ထားတဲ့ Database တစ်ခုဖြစ်ပါတယ်။ ဒီ Database ကိုအသုံးပြုပြီး ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်မှုတွေ၊ အစွန်းရောက် အမုန်းစကားတွေကို Social Media ပေါ်ရောက်လာရင် ဖျက်ချပါတယ်။ ဒါ့အပြင် SnapChat အနေနဲ့လည်း ဒီ Database ကို အသုံးပြုပြီး အကြမ်းဖက်တွေကို အကောင့်ဖွင့်လို့မရအောင် လုပ်ထားပါသေးတယ်။

OnlyFans အနေနဲ့ တစ်ချို့ Contents Creator တွေရဲ့ အကောင့်တွေနဲ့ ဗီဒီယိုတွေကို ဘာမှအကြောင်းပြချက်မရှိပဲ ပိတ်သိမ်းတာတွေလည်း လုပ်နေတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ပိတ်သိမ်းထားတဲ့ Content တွေနဲ့ တစ်ခြား Platform တွေကို ပုံရိပ်ထိခိုက်အောင်လုပ််တာမျိုးတွေ၊ GIFCT ကိုအသုံးပြုပြီး ပြိုင်ဖက်် Platform တွေရဲ့ User Treffic ကိုနှေးသွားအောင်လုပ်တာမျိုးတွေရှိတယ်လို့ FanCentro ကဆိုထားပါသေးတယ်။ OnlyFans ရော၊ တစ်ခြား Platforms တွေကိုပါ အတူတူသုံးတဲ့ Content Creator တွေအနေနဲ့ ဘာမှမဖြစ်ပေမယ့် OnlyFans မသုံးပဲ တစ်ခြား Platformကိုပဲ သီးသန့်သုံးတဲ့ Creator တစ်ချို့တော့ ခုလိုဖြစ်ရပ်တွေကြုံရတယ်လို့လည်း FanCentroက ဆက်ပြောထားပါသေးတယ်။

ခုဖြစ်ရပ်ဟာ သမာသမတ်မကျတဲ့ စီးပွားရေး ယှဥ်ပြိုင်မှုဖြစ်ပြီး OnlyFans အနေနဲ့ ဒီကိစ္စအတွက် ပိုက်ဆံအမြောက်အများလည်း သုံးစွဲထားတယ်လို့ဆိုပါတယ်။ FaceBook အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး သေသေချာချာ ရှင်််းပြတာမျိုးမရှိသေးပေမယ့်လည်း သူတို့ပိုင်ဆိုင်တဲ့ Database လည်းပါဝင်နေလို့ Company အတွင်းပိုင်းမှာ စုံစမ်းမှုတွေပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။ FanCentro ကတော့ User Traffic နည်းသွားမှု၊ တစ်ချို့ Content တွေဖြုတ်ချလို့ ငွေကြေးဆုံးရှုံးမှုတွေအတွက် ဖြေရှင်းချက်တောင်းနေပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AirTag ကို တရားမဝင်သည့် နည်းများဖြင့် မသုံးရန် Apple သတိပေး

Next
Next

ကမ္ဘာ့ဒုတိယလူသုံးအများဆုံး Browser နေရာကနေ ဆင််းပေးရတော့မယ့် Safari