Realme V25 ကိုမိတ်ဆက်လာပါတယ်

Realme အနေနဲ့ သူတို့ရဲ့ Realme V-series စမတ်ဖုန်းအသစ်တွေကို တရုတ်မှာမိတ််ဆက်ဖို့ စီစဥ်နေပါတယ်။ Brand ရဲ့တာဝန်ရှိသူဖြစ်တဲ့ Xu Qi အနေနဲ့ တရုတ် ဆိုရှယ်မီဒီယာ Weino မှာ Realme V25 ကိုမကြာခင်မှာ မိတ်ဆက်သွားမယ်လို့ ရေးသားထားပါတယ်။ ဒီလထဲမှာတော့ တရားဝင်မိတ်ဆက်ပွဲလုပ်မယ်လို့လည်း သိရပါတယ်။ ထွက်ပေါ်နေတဲ့အချက်အလက်တွေအရ Realme V25 ဟာ Realme V15 ရဲ့ မျိုးဆက်ဖြစ်မယ်လို့ သိရပါတယ်။

Xu Qi အနေနဲ့ Realme V25 နဲ့ပတ်သတ်ပြီး အသေးစိတ်ကိုမပြောပြထားပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေအရ TENAA အသိအမှတ်ပြု Realme ဖုန်းတစ်ခုဖြစ်တဲ့ Model Number RMX3475 ဟာတရုတ်မှာ Realme V25 အနေနဲ့ ပွဲထွက်လာနိုင်ချေများပါတယ်။ မကြာခင်မှာလည်း Company အနေနဲ့ ကြော်ငြာ Taser ထွက်လာဖို့ရှိနိုင်ပါတယ်။

Realme V25 အနေနဲ့ 6.58 လက်မ LCD Display ပါဝင်လာနိုင်ပြီး Punch-hole Design ဖြစ်လာမယ််လို့သိရပါတယ်။ Screen Resolution အနေနဲ့ 1080 x 2412 pixels နဲ့ထွက်လာနိုင်ပါတယ်။ လုံခြုံရေးအတွက် Side-facing fingerprint scanner ပါဝင်လာမှာဖြစ်ပါတယ်။ Android 12 အခြေခံထားတဲ့ Realme UI 3.0 ကိုတစ်ခါတည်း ပါဝင်လာမယ်လို့ဆိုပါတယ်။

Camera ပိုင်းအနေနဲ့လည်း Rear Camera မှာ 64- megapixel Primary Sensor ထည့်သွင်းပေးထားပြီး 2- megapixel ကင်မရာ ၂ လုံးပါဝင်တယ်လို့သိရပါတယ်။ Front Facing Selfie Camera အနေနဲ့ 16- megapixel camera sensor ကိုထည့်သွင်းပေးထားပါတယ်။

TENNA မှာ ထွက်ပေါ်ထားတဲ့ အချက်အလက်တွေအရ Realme V25 မှာ 2.25GHz Snapdragon 6 series cpu ကိုအသုံးပြုထားမှာပါ။ RAM အနေနဲ့ 6GB, 8GB, 12GB ဆိုပြီး ၃ မျိုး ရွေးချယ်စရာရှိမှာဖြစ်ပါတယ်။ Storage အနေနဲ့ 128GB, 256GB ဆိုပြီး ၂ မျိုးရွေးချယ်နိုင်ပြီး Battery Capacity 5000mAh ပါဝင်မယ်လို့သိရပါတယ်။ Charging ပိုင်းမှာလည််း 33W charging ကို ထည််သွင်းပေးထားလို့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဘယ်လောက်ဖြစ်မယ်ဆိုတာ မသိနိုင်သေးပါဘူး။ Realme အနေနဲ့ ဒီနှစ်ပိုင်းမှာ Budget ဖုန်းတွေအပြင် Flagship တွေလည်း ထုတ်သွားဖို့ရှိပြီး အရင်လောက် ဈေးချိုဖို့တော့ မလွယ်တော့ဘူးလို့ သတင်းတွေထွက််နေပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကမ္ဘာ့ဒုတိယလူသုံးအများဆုံး Browser နေရာကနေ ဆင််းပေးရတော့မယ့် Safari

Next
Next

Intel 12th Gen Vs Ryzen 6000