Google play မှာ 2021 အတွက်အကောင်းဆုံးဂိမ်းဆုရရှိသွားတဲ့ Pokemon unite

 2021 ကုန်ခါနီးမှထွက်ရှိလာတဲ့ Pokemon unite ကတော့ Best game of the year award ကိုဆွတ်ခူးသွားပြီး Genshin Impact (2020), Call of Duty mobile (2019) နဲ့ PUBG mobile (2018) တို့ကို ကျော်ပြီးရရှိသွားတာပဲဖြစ်ပါတယ်။

 First runner up နဲ့ Second runner up တို့ကို‌တော့ Indian developer တွေတီထွင်ထားတဲ့ Bird Alone နဲ့ Donut Country တို့ပဲဖြစ်ပါတယ်။

Pokemon unite ဟာ 2021 နှစ်ကုန်ခါနီးမှ ထွက်ရှိလာတာဖြစ်ပြီး ထွက်ထွက်ချင်းမှာတင်လူကြိုက်များခဲ့တဲ့ MOBA ဂိမ်းပဲဖြစ်ပါတယ်။ 5 vs 5 online Multiplayer ဂီမ်းဖြစ်ပြီး Pokemon Go အလွန် တစ်ဖန်နာမည်ပြန်ကြီးလာတဲ့ Pokemon Mobile Game ပဲဖြစ်ပါတယ်။ တစ်ဖက်ငါးယောက်ဖြစ်ပြီး တစ်ခြား MOBA ဂီမ်းတွေလို Throne ကျိုးအောင် ရိုက်ရတာမျိုးမဟုတ်ပဲ 10 မိနစ်အတွင်း အမှတ်အများဆုံးရရှိအောင် ဆော့ရတာပဲဖြစ်ပါတယ်။ ဆော့ရတာပျော်ဖို့ကောင်းပြီး ကိုယ်ကြိုက်တဲ့ Pokemon ကိုလည်းကိုင်နိုင်ပါတယ်။ Graphic လည်းသူ့ဟာလေးနဲ့သူကောင်းပြီးသားဖြစ်တဲ့အတွက် ကလေးတွေသာမက လူကြီးတွေလည်းကြိုက်ကြတဲ့ဂိမ်းလေးဖြစ်ပါတယ်။

Pokemon unite ဟာမြန်မာနိုင်ငံမှာတရားဝင်တော့မထွက်ထားပေမဲ့ Download ဆွဲချင်ရင်တော့ Playstore ဖြစ်ဖြစ် App store ပဲဖြစ်ဖြစ် Region ပြောင်းပြီး Download ဆွဲနိုင်ပါတယ်။

Author: Hein Htet

Ref : Digitaltrends

Previous
Previous

နောက်လဆန်းထဲမှာမြင်ရတော့မယ့် OnePlus 10 Pro

Next
Next

ပါဝါသုံးစွဲမှုနည်းတဲ့ 2K screen ထည့်သုံးလာမဲ့ Xiaomi 12 pro