ပါဝါသုံးစွဲမှုနည်းတဲ့ 2K screen ထည့်သုံးလာမဲ့ Xiaomi 12 pro

နောက်နှစ်အတွက် Xiaomi ရဲ့ Flagship ဖုန်းတွေဖြစ်လာမဲ့ Xiaomi 12 series တွေအကြောင်း အရိပ်အမြွက်ချပြလိုက်ပါတယ်။။ထို့အပြင် Flagship series ဖြစ်တဲ့ Xiaomi 12 pro တွေမှာ သုံးလာမဲ့ display panel တွေကိုလည်းတရားဝင်ချပြခဲ့ပါတယ်။

Xiaomi 12 pro တွေမှာ ဒုတိယမျိုးဆက် ပါဝါအသုံးနည်းတဲ့ 2k screen တွေကိုအသုံးပြုလာမှာဖြစ်ပြီး ဒါဟာ Xiaomi ရဲ့ ထွက်ခဲ့သမျှဖုန်းတွေထဲမှာ အကောင်းဆုံး Display တွေဖြစ်လာမှာပါ။ Display mate ရဲ့ A+ rating ရရှိထားပြီး Record အသစ် 15 ခုကိုလည်းချိုးဖြတ်ထားပါတယ်။

ပါဝါသုံးစွဲမှုလျှော့ချဖို့အတွက် Display မှာ အဓိက နည်းပညာလေးမျိုးနဲ့ တည်ဆောက်ထားပါတယ်။ E5 light emitting materials , ဒုတိယမျိုးဆက် LTPO materials , Micro-lens microprism နည်းပညာ နဲ့ Intelligent dynamic refresh rate နည်းပညာတို့နဲ့ဖွဲ့စည်းထားပါတယ်။

နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေက Xiaomi 12 pro ရဲ့ display တွေကို Samsung ကထောက်ပံ‌ပေးထားတယ်လို့သိရပြီး Xiaomi 12 နဲ့ 12X ဖုန်းတွေရဲ့ Display ကိုတော့ TCL ရဲ့ 6.28 inches Full HD+ screen ကိုသုံးပေးထာတယ်လို့သိရပါတယ်။

Xiaomi 12 နဲ့ 12 pro ဖုန်းတွေကို နောက်အပတ် တရုတ်မှာတရားဝင်ကြေငြာသွားမှာဖြစ်ပြီး chipset အသစ်ဖြစ်တဲ့ Snapdragon 8Gen 1 တွေကိုသုံးပေးမယ်ဆိုတာလည်း အတည်ပြုထားပါတယ်။

Author: Hein Htet

Ref: gizmochina

Previous
Previous

Google play မှာ 2021 အတွက်အကောင်းဆုံးဂိမ်းဆုရရှိသွားတဲ့ Pokemon unite

Next
Next

TikTok မှ ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ခိုင်မာစေရန်စဉ်ဆက်မပြတ် အားဖြည့်လုပ်ဆောင်မှုများ