နောက်လဆန်းထဲမှာမြင်ရတော့မယ့် OnePlus 10 Pro

OnePlus ရဲ့ weibo စာမျက်နှာက post အရ OnePlus 10 Pro အတွက် booking တွေစတင်လက်ခံနေပြီဖြစ်ပြီး သိပ်မကြာခင်မှာမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Global launch အနေနဲ့မိတ်ဆက်လာဖို့လဲသိပ်မလိုတော့ပါဘူး။

Oppo chief product officer နဲ့ OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau က OnePlus 10 Pro ကို Jaunary လထဲမှာမြင်ရမယ်လို့ပြောထားပါတယ်။

OnePlus 10 Pro အတွက်China only Pre-sale ကိုတော့ Jannary လ 4 ရက်နေ့ 2am မှာစတင်သွားမှာဖြစ်တဲ့အတွက် China launch event ကို 5 ရက်နေ့လောက်လုပ်မယ်လို့ ခန့်မှန်းရပြီး booking ကို free လုပ်နိုင်မယ့်အပြင် $157 ဖိုး gift pack ကိုလဲ free ရနိုင်ဦးမယ်လို့လဲဆိုပါတယ်။

OnePlus 10 Pro မှာ LTPO 2.0 display ကိုသုံးလာမယ်ဆိုတာကို Pete Lau က comfirm ပေးထားပြီးဖြစ်တဲ့အတွက် battery life ကတော့ပိုကောင်းလာဖို့ရှိပါတယ်။ Samsung ကထုတ်လုပ်ပေးမယ့် 6.7-inches ရှိတဲ့ QHD+ display ကိုသုံးလာမှာဖြစ်ပြီး LTPO ဖြစ်တဲ့အတွက် 1 to 120Hz variable refresh rate ပါလာမှာပါ။

camera ပိုင်းမှာတော့ 48MP main camera, 50MP ultra-wide နဲ့ 3x optical zoom ပါတဲ့ 8MP lens တို့ပါ၀င်မယ်လို့လတ်တလော သိရပါတယ်။ 

 

SoC ပိုင်းမှာတော့ အခြား smartphone company တွေနည်းတူ Qualcomm ရဲ့ latest chipset ဖြစ်တဲ့ Snapdragon 8 Gen 1 ကိုပဲသုံးလာမှာဖြစ်ပါတယ်။  

Battery ပိုင်းမှာတော့ 5000mAh battery ကိုတပ်ဆင်ပေးလာနိုင်ပြီး 80W fast charging ထိ support ပေးလာနိုင်ပါတယ်။ 

OnePlus 10 Pro ရဲ့စျေးနှုန်းကို $1069 လောက်ဖြစ်မယ်လို့ခန့်မှန်းရပြီး Global launch အတွက်တော့ March လထိစောင့်ရနိုင်ပါတယ်။ 

Previous
Previous

ဒေါ်လာ 4.3 million ရဲ့ရောင်းထွက်သွားတဲ့ Metaverse ထဲမှ Virtual မြေကွက်

Next
Next

Google play မှာ 2021 အတွက်အကောင်းဆုံးဂိမ်းဆုရရှိသွားတဲ့ Pokemon unite