Samsung S22 series စမတ်ဖုန်းများကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီးဖြစ်ပြီး Galaxy Tab S8 series ကိုလည်း Pre-order စတင်လက်ခံ

ကမ္ဘာတစ်ဝန်းတွင် စံချိန်တင် ကြိုတင်မှာယူမှုများ ရရှိခဲ့ပြီးနောက် Samsung Electronics သည် ၄င်း၏ နောက်ဆုံးပေါ် Galaxy S22 series စမတ်ဖုန်းများအား မြန်မာနိုင်ငံမှ သုံးစွဲသူများထံ ယူဆောင်လာပေးခဲ့ပြီ ဖြစ်သည်။ ယခု Galaxy S22 series စမတ်ဖုန်းများတွင် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော ပုံရိပ် sensor၊ ညအချိန်ကာလမှာပင် ကြည်လင်ပြတ်သားမှု အပြည့်ရှိသော ပုံရိပ်များကို ရိုက်ကူးနိုင်မည့် ပြိုင်ဖက်ကင်း AI နည်းပညာ အခြေပြု Nightography လုပ်ဆောင်ချက်များနှင့် စမတ်ဖုန်းနယ်ပယ်ကဏ္ဍ၏ ပထမဦးဆုံးသော 4nm processor စသည့်  အမြင့်မားဆုံးသော Galaxy စွမ်းဆောင်ရည်များအား ထည့်သွင်းတည်ဆောက်ပေးထားသည်။

 

မတ်လ ၄ ရက်၊ ၂၀၂၂ ခုနှစ်မှစ၍ Galaxy S22 စီးရီးစမတ်ဖုန်းများကို Samsung Showroom များနှင့် အခြား​သော ဖုန်းအ​ရောင်းဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ထို့အပြင် ထူးခြားဆန်းသစ်သည့် အရောင်အသစ် အစိမ်းရောင်အားဝယ်ယူရနိုင်မည့် အပြင် စျေးနှုန်းများမှာလည်း အောက်ပါအတိုင်းဖြစ်သည်။

Galaxy S22 series ကိုဝယ်ယူသူများအ​နေနှင့် No-worry Crack ဝန်ဆောင်မှုအပြင် အပိုထပ်​ဆောင်း​ပေး​ချေမှု ပါဝင်​သည့် အ​ဟောင်း​ပေးအသစ်ယူလဲမှုအစီစဥ်များ၊ အရစ်ကျ​ငွေ​ပေး​ချေမှုများနှင့် E-commerce ပလတ်ဖောင်းများမှ ဝယ်ယူနိုင်မှုများ ကဲ့သို့​သော အကျိုးခံစားခွင့်များရရှိမည်ဖြစ်သည်။ အ​သေးစိတ်အချက်အလက်များအတွက် www.samsung.com/mm မှ လည်း​ကောင်း၊ Samsung Contact Centre ဖုန်းနံပါတ်ဖြစ်​​သော 01 2399888 လည်း​ကောင်း ဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါသည်။

Galaxy Tab S8 series ၏ pre-order အစီအစဉ်စတင်

ထို့အပြင် Samsung Myanmar မှ Galaxy သက်တမ်းတလျောက် စွမ်းရည်အမြင့်မားဆုံး လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့် Galaxy Tab S8 စီးရီးသစ်အား ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကြိုတင်မှာယူမှုများ စတင်လက်ခံသွားမည် ဖြစ်သည်။

Samsung ချစ်သူများ ပိုမိုအဆင်ပြေလွယ်ကူစေရန် Samsung Myanmar မှ ၁၀၀ ရာခိုင်နှုန်း ဘဏ်ငွေပေးချေမှု ဝန်ဆောင်မှုအပြင် အတိုးပေးရန်မလိုဘဲ ၆-လ တိအရစ်ကျငွေပေးချေမှုစနစ်အား CB Bank credit card နှင့် ၁၂-လ တိ အရစ်ကျငွေပေးချေမှုစနစ်အား KBZPay Shopper Loan တို့နှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ တက်ဘလက်အသစ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ  အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်ပါသည်။ ကြိုတင်မှာယူထားသူများအနေနှင့် Samsung Myanmar မှပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိသွားမည် ဖြစ်သည်။ (ပစ္စည်းလက်ကျန်ရှိသည်အထိသာ)

-         Galaxy Tab S8 Ultra အား ကြိုတင်မှာယူသူများအတွက်  Key board Cover

-          Galaxy Tab S8+ နှင့် Galaxy Tab S8 အား ကြိုတင်မှာယူသူများအတွက် Note view Cover နှင့် Galaxy Fit2

No-worry Crack ဝန်ဆောင်မှု

ထို့အပြင် Galaxy Tab S8 Series အသစ်အား ဝယ်ယူအားပေးသည့် customer များသည် No Worry Crack ဝန်ဆောင်မှုအဖြစ် ရှေ့မျက်နှာပြင် ထိခိုက်ပျက်စီးမှုပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% သက်သာခွင့်တစ်ကြိမ် (သို့မဟုတ်) အနောက်မျက်နှာပြင် ထိခိုက်ပျက်စီးမှု အတွက် ပစ္စည်းဖိုးနှင့်လက်ခ ၁၀၀% သက်သာခွင့်တစ်ကြိမ်အား (၂၀၂၂ ခုနှစ်၊  ၁ရက်၊ ဧပြီလမှ တစ်နှစ်တိတိ) အကျိုးခံစားခွင့် ရရှိနိုင်မည်။

 

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများ၊အခြားတက်ဘလက်အမျိုးအစားများ ဖြင့်လဲလှယ်ခြင်း အစီအစဉ်

Galaxy S21 စီးရီး၊ Note 20 စီးရီးနှင့် Foldable စမတ်ဖုန်းများအပြင် Galaxy Tab S7၊ Tab S6 သာမက၊ အခြားတက်ဘလက်အမျိုးအစားများအား ကိုင်ဆောင်ထားသူများအနေနှင့်  လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် Tab S8 Series များနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ပေးထားသည်။ (အရေအတွက်အကန့်အသတ်ဖြင့်သာ) ထို့အပြင် ထိုသို့လဲလှယ် ဝယ်ယူမှုများအတွက် ထပ်ဆောင်း လက်ဆောင်အနေနှင့် Tab S8 Ultra အတွက် အပိုလက်ဆောင် မြန်မာငွေကျပ် ၃၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၁၀ ယောက်သာ)၊ Tab S8+ အား မြန်မာငွေကျပ် ၂၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၃၀ ယောက်သာ) နှင့် Tab S8 အား မြန်မာငွေကျပ် ၁၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၅၀ ယောက်သာ) တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 01-2399888 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Previous
Previous

Apple ‘Peek Performance March event ကဘာတွေ မိတ်ဆက်လာနိုင်သလဲ?

Next
Next

OnePlus လို Alert Slider ပါလာနိုင်တဲ့ Realme ဖုန်းများ