OnePlus လို Alert Slider ပါလာနိုင်တဲ့ Realme ဖုန်းများ

Realme အနေနဲ့ သူများနဲ့မတူ ချိုသာတဲ့ ဈေးနှုန်းတွေအပြင် ပိုမိုကောင်းမွန်လာတဲ့ Features တွေကြောင့် Price to Performance ကောင်းမွန်ပြီး ဈေးကွက်ထဲမှာ အလွန်တိုးတက်နေတဲ့ Brand တစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် သတင်းတွေအရ Realme အနေနဲ့ OnePlus လို Alert Slider Physical Button ပါဝင်တဲ့ ​Mid-range ဖုန်းတွေ ထုတ်ဦးမယ်လို့ သိရပါတယ်။

Tipster တစ်ယောက်ဖြစ်တဲ့ Yogesh Brar က Realme အနေနဲ့ Alert Slider ပါဝင်တဲ့ ဖုန်းတစ်လုံး စမ်းသပ်နေပြီး အဆိုပါဖုန်းကို April လအတွင်း မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ Alert Slider ဆိုတာကို ဖုန်းရဲ့ Ring, Vibrate, Silent တို့ကို Physical Button နဲ့ပြောင်းလဲလို့ရမယ့် iPhone တွေမှာ မူလပထမ ပါဝင်တဲ့ ခလုတ်ပါ။ Android မှာတော့ OnePlus မှာပါဝင်လေ့ရှိပါတယ်။

Realme မှာဒီ လုပ်ဆောင်ချက်ပါဝင်လာတာ အံ့သြစရာတော့မဟုတ်ပါဘူး။ Realme နဲ့ OnePlus တို့က BKK electronics Group လက်အောက်အတူတူဖြစ််လို့ပါဝင်လာတာဖြစ်ပါတယ်။ BKK electronics အောက်မှာရှိတဲ့ Brand တွေအနေနဲ့ နည်းပညာတွေကို အတူတူမျှဝေသုံးစွဲလေ့ရှိပါတယ်။ OnePlus နဲ့ Oppo အနေနဲ့ Operation System အတူတူသုံးသလို Hasselblad Camera အတူတူသုံးတာကို နမူနာကြည့်နိုင်ပါတယ်။

OnePlus အနေနဲ့ သူတို့ရဲ့Budget Series မှာ Alert Slider ကိုသုံးထားမပေးပါဘူ။ ဒါကြောင့် Realme လို Budget ဖုန်းမှာ ဘယ်လိုသုံးထားပေးလဲဆိုတာရယ်၊ ဈေးနှုန်းဘယ်လောက်နဲ့ထွက်လာမလဲဆိုတာစိတ်ဝင်စားစရာဖြစ်ပါတယ်။ တစ်ကယ်လို့ OnePlus ထက်ဈေးချိုပြီး OnePlus ရဲ့လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ဖုန်းထွက်လာမယ်ဆိုရင် OnePlus ပရိသတ်တွေ Realme ကိုရောက်သွားနိုင်ပါတယ်။

လောလောဆယ်နောက်ဆုံးထွက်ထားတဲ့ Realme 9 Pro Plus အနေနဲ့ AMOLED Display, FHD+ Resolution, 90Hz Refresh rate, တို့အပြင် Sony IMX766 Camera Sensor, Dimensity 920 ပါဝင်ပြီး 60W Rapid Charging ပါဝင်လို့ ဈေကလည်း မဆိုးလှပါဘူး။ ဒါ့အပြင် Realme 9 pro+ မှာ Heart-rate sensor ပါဝင်ပါသေးတယ်။

Realme အနေနဲ့ ဆက်တိုက် ဝေဖန်ခံရမှု မြင််တက်နေတဲ့ OnePlus ကိုကျော်တက်ဖို့ ထုတ်မှာလား၊ ဒါမှမဟုတ် ကိုယ်ပိုင် Flagship များထုတ်ဖို့ ခြေလှမ်းစတင်ပြီလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

Ref : Android Bub

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung S22 series စမတ်ဖုန်းများကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီးဖြစ်ပြီး Galaxy Tab S8 series ကိုလည်း Pre-order စတင်လက်ခံ

Next
Next

Budget အသားပေး Redmi Gaming Monitor စတင်ရောင်းချ