Apple ‘Peek Performance March event ကဘာတွေ မိတ်ဆက်လာနိုင်သလဲ?

Apple ရဲ့ 2022 အတွက် ပထမဆုံး Event ဖြစ်လာမဲ့ “peek performance” ကို March လ 8 ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ Apple ရဲ့ နှစ်နှစ်ကြာခဲ့တဲ့ iPhone SE 2 ကို Refresh လုပ်ထားတဲ့ iPhone SE 3 ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ iPhone SE3 ကို 5G, A15 Chipset အပြင် အဆင့်မြင့်တင်ထားတဲ့ display တို့နဲ့မိတ်ဆက်ပေးသွားဖို့များပါတယ်။ iPhone SE3 အတွက် အဓိက Selling point ကတော့ 5G နဲ့ A13 bionic chipset တို့ပဲဖြစ်ပါတယ်။ Apple က နှစ်စပိုင်းမှာဖုန်းအသစ်ဝယ်ယူချင်သူတွေအတွက် iPhone SE 3 ကို ဒေါ်လာ 100 လျှော့ရောင်းမယ်လို့လဲသတင်းတွေထွက်နေပါတယ်။

Apple ရဲ့ Ecosystem ထဲကို ဆွဲသွင်းဖို့အတွက် iPhone SE 3 က အဓိကသော့ချက်ဖြစ်လာမှာပါ။ iPhone SE3 ကို စျေးသက်သာတယ်ဆိုပြီးဝယ်ပြီးရင် Apple watch တို့ AirPods တို့ ဝယ်လိုက်တာနဲ့ Apple Ecosystem ထဲကို အလိုအလျှောက်သိမ်းသွင်းလိုက်ပြီးသားဖြစ်သွားမှာပါ။ iPhone SE 3 ကိုတော့ 64GB, 128GB နဲ့ 256GB တို့နဲ့လာနိုင်ပါတယ်။ဒီဇိုင်းကတော့ လက်ရှိ iPhone SE 2 နဲ့ ဒီဇိုင်းတူတူပဲထွက်လာနိုင်ပါတယ်။ တခြား Rumors တွေအနေနဲ့ကတော့ iPhone SE3 ဟာ iPhone 13 mini လိုဒီဇိုင်းမျိုးကိုလည်းသုံးလာနိုင်တယ်လို့သိရပါတယ်။ iPhone SE အသစ်ကတော့ ဖုန်းသေးသေးလေးတွေကြိုက်သူများအတွက်ရွေးချယ်စရာဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။ စျေးနှုန်းကတော့ Touch ID နဲ့ ဆိုရင် ဒေါ်လာ 300 ဝန်းကျင်လောက်နဲ့လာနိုင်ပါတယ်။

iPhone SE 3 အပြင် iPad Air ကိုလည်းအသစ်ထပ်ထုတ်လာဖို့ရှိပါတယ်။ iPad Air ကိုလည်း 5G နဲ့ A15 bionic Processor တို့လည်းပါဝင်လာနိုင်ပြီး မနှစ်က iPad Mini လိုမျိုးထပ်ထုတ်လာနိုင်ပါတယ်။ တခြား ကောလဟာလ က‌တော့ Apple ရဲ့ M2 chipset အသစ်သုံးထားတဲ့ MacBook Air ထွက်လာနိုင်ပါသေးတယ်။

5G သုံးထားတဲ့ iPad Air အသစ်လည်း ထွက်လာနိုင်ပါသေးတယ်။ အရင်က iPad Air 4 ဟာ Pro တွေလိုမျိုး Apple Pencil 2 Support , USB-C နဲ့ Touch ID တို့ထည့်ပေးထားတဲ့အတွက် 5G နဲ့ A15 Chipset အသစ်ဟာ iPad Air 4 အတွက် အဓိက Selling point ဖြစ်လာမှာပါ။ ထို့အပြင် Software ပိုင်းမှာတော့ Center Stage လည်းပါဝင်လာဖို့များပါတယ်။

M1 pro နဲ့ M1 Max သုံးထားတဲ့ Mac mini အသစ်လည်းထပ်ထုတ်ပေးဖို့ရှိပါတယ်။ Mac mini ကတော့ M1 pro နဲ့ ဆိုရင် 16 လက်မ M1 Pro MacBook ကို စျေးကြီးလို့ ဝယ်ဖို့လက်တွန့်နေတဲ့လူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။

Author: Hein Htet

Ref: theverge

Previous
Previous

လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ Sony နဲ့ Honda ပူပေါင်းမည်

Next
Next

Samsung S22 series စမတ်ဖုန်းများကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီးဖြစ်ပြီး Galaxy Tab S8 series ကိုလည်း Pre-order စတင်လက်ခံ