Russian ကို ပိတ််ဆို့မှုတွေလုပ်နေတဲ့ Tech Giants ကြီးများ

ကမ္ဘာ့ နည်းပညာအကြီးဆုံး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google, Apple, Meta, Amazon နဲ့ Microsoft တို့ဟာ Ukraine ကိုကျူးကျော်မှုနဲ့ ပတ်သတ်လို့ Russia ကိုပြင်းပြင်းထန်ထန် အရေးယူပိတ်ပင်မှုတွေပြုလုပ်ထားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဖြစ်ပွားခဲ့သမျှစစ်ပွဲတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ယူကရိန်း ကျူးကျော်စစ်စတင်ခဲ့ကတည်းက ယူကရိန်းအနေနဲ့ နည်းပညာကုမ္ပဏီကြီးတွေကို တိုက်ရိုက်အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေကလည်း ကျူးကျော်စစ်ကို အရင်းခံပြီး Russiaကို ပိတ်ပင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Google ကတော့ ပိတ်ပင်မှုကို ၂ ပိုင်းခွဲပြီးပြုလုပ်ခဲ့ပါတယ်။ ပထမတစ်ခုကတော့ Google Pay သုံးတဲ့ Russian Bank ပိုင်းဆိုင်ရာ အချို့ကို ပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Google Ads Service တွေကိုလည်း Russia မှာသုံးလို့မရအောင်လုပ်လိုက်ပါတယ်။ ဒါ့အပြင် Russian အစိုးရပိုင် Media တွေကို YouTube မှာ ပိုက်ဆံရှာလို့မရအောင် ပိတ်ထားပြီး ဥရောပတစ်ခွင််မှာ ကြည့်လို့မရအောင်ပါ ပိတ်ထားပါတယ်။ Google Maps, YouTube, Search တို့ကနေ ဘာဝင်ငွေမှ မရနိုင်တော့ပါဘူး။

Apple ကတော့ Google ထပ်ခပ်စောစောလေး ပိတ်ပင်မှုတွေလုပ်ထားပါတယ်။ Apple Products မှန်သမျှကို Russia မှာ တရားဝင် အရောင်းအဝယ််ပိတ်ထားသလို Apple Pay နဲ့ Apple Music လို Software Service တွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် Russia ဝါဒဖြန့် Media App တွေကိုလည်း App Store ကနေဖယ်ရှားထားပါတယ်။

Meta အနေနဲ့ကတော့ Russia Today နဲ့ Sputnik လို အစိုးရပိုင်မီဒီယာ Page တွေကို Facebook နဲ့ Instagram ကနေဖယ်ရှားလိုက်ပါတယ်။ ဒါ့အပြင် ဒီ Channel တွေကနေ ပိုက်ဆံရှာခွင့်ကိုလည်း ပိိတ်ထားတယ်လို့သိရပါတယ်။ Facebook မှာရှိသမျှ Russia အစိုးရပိိုင် မီဒီယာတွေအကုန်လုံးကို Reach ချတာမျိုး၊ ပိတ်ပင်တာမျိုးတွေလုပ်ထားတယ်လို့ဆိုပါတယ်။

Amazon ကတော့ သူတို့ရဲ့ Cybersecurity Services တွေနဲ့ ပို့ဆောင်ဆက်သွယ်ရေးနဲ့ပတ်သတ်လို့ ယူယရိန်းကို ကူညီသွားမယ်လို့ ထုတ်ပြန်ထားပြီး Russia ကိုတော့ ဘယ်လို့ပိတ်ဆို့မှုမျိုး ပြုလုပ်မယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Microsoft ကတော့ Russia Cyber တိုက််ခိုက်မှုတွေနဲ့ပတ်သတ်ပြီး Ukraine ကိုကူညီပေးနေပြီး Microsoft Ads Network ကိုအသုံးပြုနေတဲ့ Russia မီဒီယာတွေအကုန်လုံးကိုလည်း ဥရောပသမ္မဂကနေ ပိတ်ပင်ထားပါတယ်။ February 24 ရက်နေ့ Russian Cyber တိုက်ခိုက်မှုကိုလည်း Microsoft ကကာကွယ်ပေးခဲ့ပါသေးတယ်။

ဒါ့အပြင် TikTok နဲ့ Netflix တို့ကလည်း သူတို့ရဲ့ Streaming Services တွေကို ရုရှားမှာပိတ်ပင်ထားလို့ ရုရှားပြည်သူတွေအနေနဲ့ "Netflix & Chill" လို့မရတော့သလို TikTok မှာတက်ကလို့လည်းမရတော့ပါဘူး။

ထပ်ဆောင်းအနေနဲ့ Intel နဲ့ AMD တို့ဟာလည်း Russia ကို Chipsets တွေပို့တာပိတ်ပင်ထားပါတယ်။ အမေရိကန်အစိုးရအနေနဲ့ စစ်ဖက်ဆိုင်ရာရော၊ ရိုးရိုးအသုံးပြုခြင်းဆိုင်ရာရောနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေကို ပိတ်ပင်ဖို့ ညွန်ကြားချက်ကို တစ်ဆင့်မြှင့်ပြီး တင်ပို့မှုအကုန်ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားရဲ့ ကာကွယ်ရေး၊ စစ်ရေး၊ သုတေသနအတွက် အဓိကလိုအပ်တဲ့ Computing Power Chip တွေထုတ်ပေးနေတဲ့ TMSC ကလည်း အလားတူတင်ပို့ရပ်ဆိုင်းကြောင်းကို ထုတ်ပြန်ထားပါတယ်။

ပိတ်ဆို့မှုတွေကြောင့် ATM ထုတ်မရတာတွေ၊ ဖုန်း Services သုံးမရတာမျိုးတွေ၊ Maps သုံးမရတာတွေ Russia မှာဖြစ်နေပြီး ငွေကြေးဆုံးရှုံးမှုတွေလည်း အများကြီးဖြစ်နေတယ်လို့ ရုရှားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်ပြန်ထားပါတယ်။

ခုလို နည်းပညာခေတ်မှာ ဝိုင်းဝန်းပိတ်ဆို့မှုဒဏ်ကို ရုရှားအနေနဲ့ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ ဆက်လိုက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : Business Standard

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

မကြာခင်ထွက်လာမယ့် Nothing ဖုန်း ​Leaks Design

Next
Next

Instagram Boomerang နဲ့ Hyperlapse app တွေကို App Store နဲ့ Google Play ကနေဖြုတ်ချ