Instagram Boomerang နဲ့ Hyperlapse app တွေကို App Store နဲ့ Google Play ကနေဖြုတ်ချ
Instagram အနေနဲ့ သူရဲ့ကိုယ်ပိုင်သပ်သပ် ထုတ်ထားတဲ့ Boomerang နဲ့ Hyperlaspe တို့ကို Apple App Store နဲ့ Google Play Store တို့ကနေ ဖြုတ်ချလိုက်ပါပြီ။ ဒီလိုဖြုတ်ချလိုက်တာဟာ Instagram ရဲ့ IGTV နဲ့ကိုရပ်နားတော့မယ်လို့ Feb 28 ရက်နေ့ကြောငြာပြီး နောက်မှာဖြစ်ပါတယ်။ ဒီိလိုအဖြစ််အပျက်တွေကိုကြည့်ခြင်းအားဖြင့် Instagram အနေနဲ့ တစ်ခြား App နဲ့ Service တွေကို ဖြုတ်ချပြီး Main App ပေါ်မှာပဲ အာရုံစိုက်တော့မယ်ထင်ပါတယ်။
"ကျွန််တော်တို့အနေနဲ့ Standalone Boomerang နဲ့ Hyperlapse ကိုဖြုတ်ချပြီီး Main App ဖြစ်တဲ့ Instagram ကိုပဲ အာရုံစိုက်သွားမယ်" လို့ Instagram ပြောရေးဆိုခွင့်ရှိသူ Christine Pai က The Verge ကိုပြောခဲ့ပါတယ်။ " Boomerang ကို သုံးချင်ရင် Instagram Stories မှာသုံးလို့ရမှာဖြစ်ပြီး Layout ကိုတော့ Standalone App အနေနဲ့ သုံးလို့ရမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အသုံးပြုသူတွေ ပိုမိုပျော်ရွှင်စေဖို့ နည်းလမ်းတွေ ရှာနေတယ်လို့ဆိုပါတယ်။
Apptopia အရ App တွေကို Store ပေါ်မှာနောက်ဆုံးတင်ထားခဲ့တာ March လ ၁ရက်နေ့ကပဲဖြစ်ပါတယ်။ ဗွီဒီယို အတိုတွေနဲ့ Loop ပတ်ထားတဲ့ Video တွေကို ရိုက်ပေးတဲ့ Boomerang App ကို 2015 မှာစတင်ပြီး ထုတ်ပေးခဲ့ပါတယ်။ ရိုက်ထားတဲ့ ဗွီဒီယိုတွေကို Instagram ဒါမှမဟုတ် Facebook ပေါ်မှာတင်လို့ရနိုင်အောင် လုပ်ထားပါတယ်။ Boomerange ကို Standalone App အဖြစ်ပေးမထားတော့ပေမယ့် Instagram Stories တွေမှာတော့ 2016 ကတည်းကထည့်ပေးထားခဲ့တာဖြစ်ပါတယ်။
Hyperlapse ကိုတော့ 2014 မှာစတင်မိတ်ဆက်ခဲ့ပြီး Time-lapse ပုံတွေရိုက်ဖို့နဲ့ Video Stabilization အတွက် ထုတ်ပေးခဲ့တာပါ။ ဒီနည်းပညာတွေကို Luma ဆိုတဲ့ နည်းပညာကုမ္ပဏီကထုတ်လုပ်ခဲ့ပြီး Instagram ကဝယ်ယူထားတာဖြစ်ပါတယ်။ ပုံမှန်ကင်မရာက video တွေက stabilztion မကောင်းတဲ့အချိန်မှာ Hyperlapse ကအတော်လေးငြိမ်တဲ့ video တွေကိုထုတ််ပေးနိုင်ပါတယ်။ ခုခေတ်မှာတော့ Phone တွေရဲ့ Hardware OIS ကအတော်လေးကောင်းနေပြီပို့ Hyper-lapse အနေနဲ့အပိုလိုဖြစ်လာပြီး နောက်ပိုင်းမှာ ထည့်သွင်းဦးမလား၊ ဖြုတ်ချလိုက်တော့မလားဆိုတာ စောင့်ကြည့်ရပါမယ်။ Instagram အနေနဲ့ Layout App ကိုလည်း Instagram Stories နဲ့ပေါင်းပစ်လိုက်ပြီဖြစ်ပါတယ်။
Ref : The Verge