မကြာခင်ထွက်လာမယ့် Nothing ဖုန်း ​Leaks Design

'Nothing' အမည်ရ စမတ်ဖုန်းကုမ္ပဏီကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က OnePlus Co-founder Carl Pei ဆိုသူကတည်ထောင်ခဲ့ပြီး Nothin Ear 1 ဆိုပြီး နားကြပ်ထုတ်လုပ်ထားတာရှိပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ထပ် Products အချို့ထုတ်လုပ်ဖို့ရှိနေပြီး မကြာခင်မှာပဲမိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

ကုမ္မဏီအနေနဲ့ Products ပေါင်းစုံကို မိတ်ဆက်သွားဖို့ရှိနေပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဖုန်းအသစ်တစ်ခုကိုလည်း မိတ်ဆက်သွားဖို့ရှိနေပါတယ်။ ခုလောလောဆယ်မှာတော့ ကုမ္ပဏီကလူတစ်ချို့က ဖုန်းကိုအသုံးပြုနေတဲ့ ပုံတစ်ချို့ ထွက်ပေါ်လာပါတယ်။

ကုမ္ပဏီဥက္က၎ Carl Pei လက်ထဲမှာ ဖုန်းတစ်ခုကိုကိုင်ထားပြီး ဒီပုံကို Evan Blass ကတင်ထားတာဖြစ်ပါတယ်။ Leak ဖြစ်ထားတဲ့ပုံထဲမှာ အရမ််းမရှင်းလင်းပေမယ့် အရောင်ကတော့ အနက်ရောင်ဖြစ်ပါတယ်။ Camera Panel ကိုလည်း အဝိုင်းသုံးထားတဲ့အပြင် LED Flash ပါဝင်ပါတယ်။ ပုံထဲက ဖုန်းဟာ ရှေ့ပြေးမော်ဒယ်တစ်ခုဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်တုန်းက Carl Pei အနေနဲ့ Twitter မှာ Android Os ကိုအခြေခံထားပြီး Qualcomm Snapdragon chipset ကိုသုံထားတဲ့ ဖုန်းတစ်ခုကို စမ်းသပ်နေတယ်လို့ တင်ထားခဲ့ပါသေးတယ်။ ကုမ္မဏီ Twitter အကောင့်ကနေလည်း ဖုန်းလို့ထင်ရတဲ့ Frame တစ်ခုကို တင်ထားခဲ့ပေမယ့် တစ်ခြား Product တစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။ ထွက််ပေါ်လာတဲ့ Teasers အရ နောက်ထွက်လာမယ့် Products မှာ Noting Ear 1လို Transparent Frame ပါဝင်လာနိုင်ပါတယ်။

Nothing အနေနဲ့ Products အသစ် ၅ ခုကိုထုတ်လုပ်သွားမှာဖြစ််ပြီိး Powerbank, Wireless Earphones နဲ့ Smartphone တို့ထုတ်လုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။
Naming System အနေနဲ့ Powerbankကို Nothing Power 1, ဖုန်းကိုတော့ Noting Phone 1 ဆိုပြီးအမည်ပေးသွားမယ်လို့ဆိုပါတယ်။ Products တွေကို ဒီနှစ်အတွင်း မိတ်ဆက်သွားမှာဖြစ်ပြီး OnePlus ဖန်တွေအကြိုက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : Nothing

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Features အသစ်တွေပါလာမယ့် iMovie

Next
Next

Russian ကို ပိတ််ဆို့မှုတွေလုပ်နေတဲ့ Tech Giants ကြီးများ