Russia Creator တွေကို ခေတ္တအသုံးပြုခွင့်ပိတ်ထားတဲ့ OnlyFans

OnlyFans အနေနဲ့ Russia Payment တွေကို လက်မခံတော့တာမို့ Russia က Content Creator တွေအနေနဲ့ OnlyFans အသုံးပြုဖို့ လွယ်ကူဦးမှာမဟုတ်ပါဘူး။ ဒီအကြောင်းအရာကို ကုမ္ပဏီရဲ့Official Website မှာကြေငြာထားပါတယ်။

Adult Content တွေနဲ့လူသိများတဲ့ OnlyFans မှာ Russia က Creator တွေကို အစောပိုင်းကာလတွေတုန်းက အသုံးပြုခွင့်ပေးပြီး ပိုက်ဆံရှာခွင့်လည်းပေးထားခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ရုရှား Content Creator တွေကို ပိုက်ဆံရှာခွင့်ပိတ်လိုက်ကြောင်းကို ကြေငြာခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းက Rolling Stone ကနေပြီး Russian Creator တွေအနေနဲ့ သူတို့ရဲ့ OnlyFans အကောင့်တွေကို ဝင်လို့မရတော့ကြောင်း သတိပေးတဲ့ စာတွေထွက်ခဲ့တယ်လို့ သတင်းတင်ထားပါတယ်။ အဲ့ဒီနောက်မှာတော့ OnlyFans ဖက််က ရုရှား Payment တွေအဆင်ပြေနေသရွေ့ အကောင့်တွေကို ပြန်ဖွင့်ပေးထားတယ််လို့ ပြန်လည်ပြီး ထုတ်ပြန်ထားခဲ့ပါတယ်။

ကြာသပေးနေ့မှာတော့ ရုရှားဖက်က Payment တွေအဆင်မပြေတော့တဲ့အတွက် အကောင့်တွေကို ခေတ္တပိတ်ချထားတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ OnlyFans အနေနဲ့ ရုရှားကလူတွေအတွက် Payment အဆင်ပြေအောင် ကြိုးစားခဲ့ပေမယ့်လည်း ဘယ်လိုမှအဆင်မပြေတဲ့အတွက် ရုရှားကိစ္စကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်းကို စာထုတ်ပြန်ထားပါတယ်။ တစ်ခြား Payment တွေကို ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေတွေ အတွက် စိတ်မကောင်းဖြစ်ရကြောင်းကိုပါ ပူးတွဲထုတ်ပြန်ထားပါတယ်။

ဒီကြားကာလမှာ OnlyFans အနေနဲ့ ရုရှားကလူတွေကို ဘယ်လို payment လုပ်ပေးထားလဲဆိုတာကိုတော့ သေချာမသိရပါဘူး။ ဒီအကြောင်းနဲ့ပတ်သတ်လို့ နိုင်ငံခြား Media တွေကဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း သေချာတဲ့အဖြေတစ်ခု ပြန်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းစစ်ဖြစ်ကတည်းက ရုရှား Creator တွေတစ်ဖြည်းဖြည််းနဲ့ Digital Platform ပေါ်ကနေ ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Russia အနေနဲ့ Google နဲ့ Instagram ကိုပါဘန်းပြီးတဲ့နောက်မှာတော့ ရုရှား YouTuber တွေပါ အခက်တွေ့ကုန်တာဖြစ်ပါတယ်။ ရုရှားအနေနဲ့ ဒီဂျစ်တယ်ပလက်ဖောင်းတော်တော်များများမှာ အခက်အခဲတွေ့နေပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Facetime Camera ပါဝင်လာမယ့် Apple HomePod

Next
Next

Call Recording app တွေကို Play Store ကနေပါဖြုတ်ပစ်မယ့် Google