Facetime Camera ပါဝင်လာမယ့် Apple HomePod

Apple HomePod Smart Speaker အနေနဲ့ နောက်လာမယ့် Update တွေမှာ သိသိသာသာပြောင်းလဲသွားမယ့် Update တွေပါဝင်လာမယ်လို့ အွန််လိုင်းမှာ Leak တွေထွက်လာပါတယ်။

ထွက်လာတဲ့သတင်းတွေအရ Curpentino-based Technology Giant ကြီးအနေနဲ့ HomePod Smart Speaker ကို အသေးစိတ်မြှင့်တင်မှုတွေလုပ်သွားမယ်လို့ ဆိုပါတယ်။ မြှင့်တင်သွားမယ့် Upgrade တွေထဲမှာ Smart Display အပြင် Built-in Camera လည်းပါဝင်ပါတယ်။

ဒါ့အပြင်နောက်ထွက်လာမယ့် HomePod တွေထဲမှာ FaceID သုံးလို့ရမယ့်အပြင် ကိုယ်ပိုင် TvOS လည်း Support လုပ်သွားမယ်လို့ ဆိုပါတယ်။ Report တွေအရ Apple အနေနဲ့ Built-in Speaker နဲ့ Camera ကို Facetime လုပ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Smart Speaker မှာ ကင်မရာနဲ့ Display ပါဝင်လာခြင်းဟာ Google Nest Hub Max နဲ့ Amazon Echo Show တို့ကို တည့်ပြိုင်ပြီး ဈေးကွက််လုမယ့်အနေအထားပဲဖြစ်ပါတယ်။ Display, Camera, Voice Assistant ပါဝင်တဲ့ Smart Speaker တွေပဲဖြစ်ပါတယ်။

Face ID နဲ့ tvOS Support ပါဝင်မယ့် သတင်းတွေထွက််နေပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ထုတ်ပေးမယ့်ရက်နဲဲ့ ဈေးနှုန်းတွေကိုလည်း လျှို့ဝှက်ထားပါတယ်။ ဒါကြောင့်မို့ ဒီနှစ်် WWDC ပွဲမတိုင်ခင် Apple အနေနဲ့ HomePod ကိုသေသေချာချာ ပြင်ဆင်နေမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

HUAWEI nova စမတ်ဖုန်းအသစ်၏ တစ်မူထူးခြားသည့် အနောက်ဘက် 3D Glass ကာဗာနှင့် Full View Display တို့အကြောင်း

Next
Next

Russia Creator တွေကို ခေတ္တအသုံးပြုခွင့်ပိတ်ထားတဲ့ OnlyFans