Call Recording app တွေကို Play Store ကနေပါဖြုတ်ပစ်မယ့် Google

Android 10 ကစတင်ပြီး Google အနေနဲ့ Call Recording ကိုဖြုတ်ပစ်ခဲ့ပြီး May 11 ကစတင်ပြီး ကုမ္ပဏီအနေနဲ့ Google Play Store Policy ကို Update လုပ်ပြီး Third-party App တွေကို Call Recording အတွက် API ကိုသုံးခွင့်မပေးတော့တဲ့အတွက် Call Recording App မှန်သမျှကို ဖျက်ပစ်ပါတော့မယ်။

ကမ္ဘာတစ််ဝှမ်းမှာဖြစ်ပေါ်နေတဲ့ Call Record နဲ့ပတ်သတ်တဲ့ ဥပဒေ စည်းမျဥ်းတွေနဲ့ လုံခြုံရေးဥပဒေတွေကြောင့် ခုလိုလုပ်တာဖြစ်တယ်လို့ Google ကဆိုထားပါတယ်။ ဒါပေမယ့် Third Party Os တွေမှာ Pre-install ထားတဲ့ API နဲ့ App တွေကတော့ ဒီအပြောင်းလဲမှာ ပါဝင်မှာမဟုတ်ပါဘူး။

Pixel နဲ့ Xiaomi ဖုန်းတွေအနေနဲ့ကတော့ Call Recording ကို Pre-install ပါဝင်နေဦးမယ်လို့ဆိုပါတယ်။ Call Recording နဲ့ပတ်သတ်လို့ ပိတ်ချမယ့် အစီအစဥ်တွေကို တရားဝင်ချမပြသေးပေမယ့် နောက်လာမယ့် Os Update တွေမှာ Policities အပြောင်းအလဲတွေရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Japan လို Privacy ကိုအသားပေးတဲ့နိုင်ငံတွေမှာ Call Recording သာမက iphone လိုမျိုးဖုန်းတွေမှာ ကင်မရာအသံပိတ််တာတွေပါ လုပ်လို့မရပါဘူး။ ဖုန်းကောလ်တွေကို အသံဖမ်းပြီး ငွေညှစ်တာမျိုးတွေ ဖြစ်လာတာမို့ ခုလို ကန့်သန့်ထားရတယ်လို့ ဆိုပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Russia Creator တွေကို ခေတ္တအသုံးပြုခွင့်ပိတ်ထားတဲ့ OnlyFans

Next
Next

Elon Musk & Woke Mind Virus & Netflix