ရည်းစားနဲ့ပြတ်သွားလည်း ပူစရာမလိုတော့တဲ့ NetFlix Profile Transfer

Streaming Service တွေပဲသုံးနေတဲ့ ခုခေတ်ကြီးမှာ NetFlix အကောင့်ကို ရည်းစားနဲ့ Profile Share ပြီးကြည့်တာ သိပ်မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် ရည်းစားနဲ့ပြတ်သွားရင်တော့ ပြဿနာရှိသွားပါပြီ။ အကောင့်အသစ်မှာ ကိုယ်ကြိုက်တဲ့ဇာတ်လမ်းတွေ ကြည့်မထားတဲ့အတွက် NetFlix Recommand နဲ့ Continue Watching လုပ်လို့မရတော့ပဲ တိုင်ပတ်ပါတော့မယ်။ ဒါကို NetFlix ကကြိုသိလို့ ခု ​Feature အသစ်ကိုထုတ်ပေးလိုက်တာပါ။

NetFlix မှာ အကောင့်အသစ်ဖွင့်ပြီး အရင်တုန်းက Profile အဟောင်းကိုနောက်ထပ်အကောင့်ထဲ ပြောင်းထည့်လို့ရတဲ့ လုပ်ဆောင်ချက်ထည့်သွင်းပေးလိုက်ပါတယ်။ Watching History, Recommandation, Games တွေကအစ အကုန်ပြောင်းသွားမှာဖြစ်လို့ ဘာမှမပူရတော့ပါဘူး။ October 17 ကစလို့ Transfer Profile တစ်ကမ္ဘာလုံးမှာ ရမယ်လို့ပြောပေမယ့် ကိုယ့်အကောင့်မှာ ​Transfer လုပ်နိုင်ကြောင်း Email ဝင်ဖို့တော့လိုပါတယ်။

နောက်ထပ် NetFlix အကြောင်း သတင်းအတိုအထွာထပ် ဖြည့်ရရင် NetFlix အနေနဲ့ Cloud-Gaming ဖက်ကို အတော်လေး စိတ်အားထက်သန်နေတယ်လို့ သိရပြီး Google Stadia Fail သွားတဲ့နေရာကို ဝင်ယူဖို့ စဥ်းစားနေတယ်လို့ ကုမ္ပဏီဖက်က အတိအလင်း ကြေငြာထားတာပါ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Rollable ဖုန်း Concept ထုတ်ပြထားတဲ့ Motorola

Next
Next

Apple October 2022 Launch Recap