ပြင်သစ်မှာ ယူရို သန်း၅၀၀ ဒဏ်ရိုက်ခံရတဲ့ Google

Internet giant ကြီး Google ဟာ ပြင်သစ်နိုင်ငံမှာ antitrust lawsuit တစ်ခုကို၇လကြာ တရားရင်ဆိုင်အပြီးမှာတော့ ‌ယူရိုသန်း၅၀၀ ကိုဒဏ်ကြေးအဖြစ်ပေးဆောင်ဖို့အမိန့်ချမှတ်ခံခဲ့ရပါတယ်။ ဒီအမှုရင်ဆိုင်နေတဲ့ ၇လအတွင်းမှာ ပြင်သစ်နိုင်ငံက local publisher တွေနဲ့ သဘောတူညီချက်ရအောင်ကြိုးစားရာမှာမအောင်မြင်ခဲ့တာကြောင့်ဖြစ်ပါတယ်။EU ကချမှတ်ထားတဲ့ regulations တွေအရအမိန့်ချမှတ်ခဲ့တာဖြစ်ပြီး Google news မှာပြင်သစ်နိုင်ငံက သတင်းတွေနဲ့ content တွေတင်ဖို့ကိစ္စနဲ့ပက်သက်ပြီး Google ဟာ Agence France-Presse နဲ့ အခြား publisher တွေအတွက် မျှတတဲ့ fee တစ်ခုကို ပေးဖို့သဘောတူညီချက်မရခဲ့‌တာကြောင့်ဖြစ်ပါတယ်။ Google က publisher တွေကို ကမ်းလှမ်းထားတဲ့ပမာဏဟာ အရမ်းနည်းနေပြီး Google အနေနဲ့ နောက်၂လအတွင်း publisherတွေနဲ့ သဘောတူညီမှုတစ်ခုမရဘူးဆိုရင် နေ့စဉ်‌ဒဏ်ကြေးဆောင်ရမှာဖြစ်ပြီး ယူရို သန်း၉၀၀ကျော်ထိပေးဆောင်ရနိုင်ပါတယ်။

2.jpg

Google ကတော့အယူခံဝင်သွားမှာဖြစ်ပြီး ကျန်ရှိတဲ့လုပ်ငန်းစဉ်တွေကိုလဲ အကောင်းဆုံးဆက်လက်လုပ်‌ဆောင်သွားမယ်လို့ပြောသွားပါတယ်။

Google ဟာ ဒီလို အမှုမျိုးကို UK, Australia, နဲ့ Canada တို့မှာလဲရင်ဆိုင်ခဲ့ရဖူးပြီး အဲ့နိုင်ငံက Publisherတွေနဲ့အဆင်ပြေအောင်ညှိနှိုင်းနိုင်ခဲ့ပါတယ်။

Previous
Previous

မြန်မာနိုင်ငံမှာရင်းနှီးလုပ်ကိုင်ခဲ့သည်မှာ ၇ နှစ်ပြည့်ခဲ့ပြီဖြစ်သော Vivo

Next
Next

Reverse wireless charging လုပ်ဆောင်ချက်ပါဝင်မဲ့ 99 ဒေါ်လာနဲ့တန် Apple ရဲ့ Magsafe battery pack