Redmi K50 ထွက်လာတော့မယ်

Xiaomi ရဲ့ Brandအခွဲတစ်ခုဖြစ်တဲ့ Redmi အနေနဲ့ K-series အသစ်ကို ဖြန့်ချီဖို့ပြင်ဆင်နေပါပြီ။ နောက်ထွက်လာမယ့် K-50 series မှာ Mid-range ကနေ Premium High-end ထိ ပေါင်းစုံပါဝင်လာမယ်လို့ဆိုပါတယ်။

ထွက်မလာခင်က ထွက််လာတဲ့ Rumors တွေလည်းထွက်လာခဲ့သလို ခုလည်းနောက်ထပ် Rumors တွေထပ်ထွက်လာခဲ့ပါပြီ။ နောက်ဆုံးထွက်လာတဲ့ သတင်းတွေအရ တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် Redmi K-50 Series တွေရဲ့ ဈေးနှုန်းတွေလည်း ပါဝင်ပါတယ်။

သတင်းတွေအရ Redmi k-50 တွေကို $315 ဝန်းကျင် ကနေစတင််မယ်လို့ သိရပါတယ််။ Redmi K-50 Pro ကတော့ $426 ဝန်းကျင်နဲ့ ထွက်လာနိုင်ပြီး Redmi K-50 Pro+ ကတော့ $521 ဝန််းကျင်၊ အမြင့်ဆုံး Specifications တွေသုံးထားတဲ့ Gaming Edition ကတော့ $553 ဝန််းကျင်နဲ့ ထွက်လာနိုင်ပါတယ်။

Lineup ၄ ခုထဲက ၂ ခုကို Qualcomm chipset တွေသုံးလာနိုင်ပါတယ်။ Redmi K50 ကို Qualcomm Snapdragon 870 သုံးထားနိုင်ပါတယ်။ Gaming Edition ကတော့ နောက်ဆုံးထွက် Snapdragon 8 Gen 1 ကိုသုံးပြီးထွက်လာနိုင်ချေရှိပါတယ်။ K-50 Pro ကတော့ MediaTak Dimensity 8000 ကိုသုံးထားနိုင်ပြီး Pro + model ကတော့ Dimensity 9000 ကိုသုံးပြီးထွက််လာနိုင်ပါတယ်။ Charging ပိုင််းကတော့ K50နဲ့ K50 Pro မှာ 66W နဲ့ 67W Fast Charging ပါလာနိုင်ပြီး Pro+ နဲ့ Gaming Edition မှာတော့ 120W Charging ပါဝင်လာနိုင်ပါတယ်။

ဒီဖုန်း၄ခုထဲက ၃ခုက TENAA မှာမှတ်ပုံတင်ပြီးဖြစ်တဲ့အတွက် ထွက်လာဖို့မကြာတော့ဘူးလို့ မှတ်ယူနိုင်ပါတယ်။ ဒါ့အပြင် BIS မှာလည်းမှတ်ပုံတင်ထားတဲ့အတွက် တရုတ်မှာ ဖြန့်ချီပြီး မကြာခင် အိန္ဒိယမှာလည်း ထွက်လာတော့မယ်လို့ မှတ်ယူနိုင်ပါတယ်။

Xiaomi အနေနဲ့ ဖြန့်ချီမယ့်ရက်တွေ၊ မိတ်ဆက်မယ့်ရက် အသေးစိတ်တွေကို မကြေငြာသေးပေမယ့်လည်း ဒီလကုန်မှာ တရားဝင် မိတ်ဆက်သွားနိုင်ပြီး နောက်လထဲမှာ တရားဝင်စတင် ဖြန့်ချီသွားမယ်လို့ မှတ်ယူနိုင်ပါတယ်။

Redmi K-40 Series တုန်းက အိန္ဒိယနဲ့ မြန်မာပြည်တွင်းမှာ အတော်လေး ရောင်းအားကောင်းခဲ့ပြီး ဒေါ်လာဈေးတွေတက်နေတဲ့ ခုလိုချိန်မှာတောင် ရောင်းကောင်းနေဆဲဖြစ်ပါတယ်။ K Series တွေရဲ့အားသာချက်ဖြစ်တဲ့ ဈေးနှုန်းချိုသာပြီး ပြန်ရတဲ့ Performance ကကောင်းမွန်တာကြောင့် ဖွံဖြိုးဆဲဒေသတွေမှာ လူကြိုက်များပါတယ်။ K-50 Series မှာလည်း လူကြိုက်များလာဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဥရောပမှာ Facebook နဲ့ Instagram ရုပ်သိမ်းရမယ့် အခြေအနေကြုံတွေ့နေရ

Next
Next

Mobile Phone ရောင်းအားကျဆင်းနေတဲ့ Sony