Mobile Phone ရောင်းအားကျဆင်းနေတဲ့ Sony

Sony လို့ပြောလိုက်ရင် လူတိုင်းပြေးမြင်တယ်ဆိုတဲ့ အရာကို သပ်သပ်ဆီခွဲပြောရမယ်လို့ထင်ပါတယ်။ ရုပ်ရှင်ကြိုက်တဲ့သူတွေက Spidy၊ Game ကစားတဲ့သူတွေဆိုရင် Play Station၊ Camerea သမားတွေအတွက်ဆိုရင် Mirrorless တွေ၊ DSLR တွေ၊ ဖုန်းဆိုရင်လည်း ကင်မရာကောင်းကောင်းနဲ့ ရေစိမ်ခံတယ်နာမည်ကြီးခဲ့တဲ့ Sony၊ Audio သမားတွေအတွက်ဆိုလည်း အရင်က Walkman Series, ခုနောက်ပိုင်း ANC Headphone တွေအပြင် Bravia ဆိုပြီး Laptop တောင်ရှိပါသေးတယ်။ Sony အနေနဲ့ Industory ပေါင်းစုံမှာ Products ပေါင်းစုံ၊ Services ပေါင်းစုံပေးနေတာဖြစ်ပြီး အကုန်လုံးနီးပါးလည်း သူ့ခေတ်နဲ့သူ အောင်မြင်ခဲ့ပါတယ်။

Sony အနေနဲ့ လွန်ခဲ့တဲ့ အပတ်က 2021 လကုန် ၃ လအတွက် အမြတ်လချုပ်စာရင်းတွေထွက်လာပါပြီ။ Qualcomm Q3 ပွဲမှာ ထွက်လာတဲ့ စာရင်းတွေအရ sales ပိုင်းမှာ ၁၃ % တက်လာပြီး ဝင်ငွေအနေနဲ့ ၃၂ % တက်လာတယ်လို့ဆိုပါတယ်။ ဒီလိုတက်လာတာတွေက တစ်ခြားဟာ Sony Motion Picture ရဲ့ Spiderman : No Way Home အပြင် Venom : Let There Be Carnage နဲ့ Seinfeld Licensing Deal တို့ကြောင့်ပဲဖြစ်ပါတယ်။

Sony အနေနဲ့ ၂၀၂၁ မှာ Play Station 5 စက်အလုံးပေါင်း 3.9 သန်းခန့်သာရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ 2020 တုန်းက နွေရာသီတစ်ခုထဲ ရောင်းအားထက်တောင် နည်းနေခဲ့ပြီး ခန့်မှန်းထားတဲ့ အလုံးရေထက်ကို သိသိသာသာ နည်းနေခဲ့တာပါ။

Mobile Phone အနေနဲ့လည်း တစ်ခြား Company တွေဖြစ်တဲ့ Apple, Samsung, Huawei တို့ကို မယှဥ်နိုင်ပဲ Sony ဖုန်းတွေကို စဥ်ဆက်မပြတ် အားပေးလာတဲ့ အမာခံပရိိသတ်တွေတောင် ဝယ်ယူအားမပေးကြတော့ဘူးလို့ စစ်တမ်းတွေအရသိရပါတယ်။

Sony ရဲ့ CEO Hiroki Totoki ကတော့ လူတွေအနေနဲ့ PS5 ဝယ်လိုအားရှိနေပမယ့် ခုလတ်တလောဖြစ်နေတဲ့ Chipset ပြတ်လတ်မှုပြဿနာကြောင့် လိုအပ်တဲ့ ပစ္စည်းပမာဏကို မထုတ်လုပ်နိုင်ဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီပြဿနာဟာ 2022 ခုနှစ် နှစ်လယ်လောက်ထိဖြစ်သွားနိုင်ပြီး PS 5 ရောင်းချဖို့လျာထားမှု အလုံးရေ ၁၄.၈သန်းကနေ ၁၁.၅ သန်းထိလျော့ချထားတယ်လို့သိရပါတယ်။

Sony အနေနဲ့ လောလောဆယ်မှာ Play Station 5 တွေကို အခမဲ့ဂိိမ်း လက်ဆောင်ပေးတာတွေ၊ လျော့ဈေးတွေနဲ့ အရှုံးခံရောင်းချနေပြီး ဂိမ်း Add-on တွေနဲ့ တစ်ခြား Digiital Software ရောင်းချမှုတွေကနေ ပိုက်ဆံအများဆုံးရနေတယ်လို့ သိရပါတယ်။

Ref : Tech Noob

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Redmi K50 ထွက်လာတော့မယ်

Next
Next

မဖြစ်နိုင်သောမိတ်ဆက်မှုငါးမျိုးကိုမျှော်လင့်နိုင်တဲ့ 9 ရက်နေ့ Galaxy Unpacked ပွဲ