ဥရောပမှာ Facebook နဲ့ Instagram ရုပ်သိမ်းရမယ့် အခြေအနေကြုံတွေ့နေရ

Meta အနေနဲ့ Facebook နဲ့ Instagram ကို ဥရောပမှာ ဆက်လက်ဝန်ဆောင်မှုမပေး စဥ်စားနေပြီဖြစ်ပါတယ်။ အကြောင်းအရင်းကတောာ့ ဥပဒေကြောင်းရာအရ ဥရောပက Data တွေကို United States ကို ဖလှယ်ခွင့်ကန့်သန့်လိုက်လို့ပဲဖြစ်ပါတယ်။

Facebook အနေနဲ့လောလောဆယ် ဥရောပမှာရှိတဲ့ Users တွေရဲ့ ဒေတာတွေကို အမေရိကန်မှာရှိတဲ့ Data Center တွေကနေ သိမ်းဆည်းနေတာဖြစ်ပြီး တစ်ကယ်လို့ Data တွေဆက်လက်သိမ်းယူခွင့်မရှိတော့ရင် Ads တွေပြုလုပ်ဖို့အတွက် မဖြစ်နိုင်တော့တာမို့ ဥရောပမှာ Facebook နဲ့ Instagram ကိုဖြုတ်ချသွားတော့မယ်လို့ ဆိုပါတယ်။

July 2020 တုန်းက Schrems II ဆိုတဲ့ EU ကထုတ်ပြန်လိုက်တဲ့ ဥပဒေမှာ အမေရိကန်အနေနဲ့ ဥရောပက အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို မူတည်ပြီး စောင့်ကြည့်မှုတွေပြုလုပ်တာကို ကန့်သန့်ဖို့အတွက် ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် ဒီ Data စီးဆင်းမှုကို အားကိုးနေရတဲ့ Company တွေတော်တော်များများကတော့ အခက်အခဲကြုံနေရပါတယ်။

ဒီဥပဒေထုတ်ပြန်လိုက်တဲ့ အကြောင်းအရင်းအဓိကက Facebook တော့မဟုတ်ပါဘူး။ တစ်လထက်တစ်လ ပိုပိုများလာတဲ့ Data Company တွေကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ Google, Microsoft, Amazon စတဲ့ Tech Giant ကြီးတွေအနေနဲ့ အသုံးပြုသူတွေရဲ့ Data တွေကို အလွဲသုံးစားပြုလုပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒီဥပဒေအရ တစ်ချို့ Company တွေကို တရားစွဲဆိုမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါသေးတယ်။

ပွဲဦးထွက် တရားစွဲဆိုမှုမှာတော့ Google Analytics နဲ့ Google Fonts တို့ပါဝင်ခဲ့ပါတယ်။ Google Fonts ဟာဆိုရင် အသုံးပြုသူတွေရဲ့ IP addressနဲ့ တစ်ခြား Data တွေကို ခွင့်တောင်းခြင်းမရှိသလို၊ ခိုင်လုံတဲ့အကြောင်းပြချက်လည်း မရှိပဲ ခိုးယူခဲ့တဲ့အတွက် တရားရုံးကိုခေါ်ယူပြီး စစ်ဆေးမေးမြန်တာတွေ ပြုလုပ်ခံခဲ့ရပါတယ်။

Facebook အနေနဲ့ Meta လို့အမည်ပြောင်းပြီး Metaverse ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေပေမယ့် Apple က Data Privacy ပြောင်းလဲလိုက်တာနဲ့ ယခု EU ကချမှတ်လိုက်တဲ့ ဥပဒေတွေကြောင့် ရှဲယာဈေးကွက်တွေ ဆက်တိုက် ကျဆင်းနေပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သိထားသင့်တဲ့ နောက်ဆုံးရ သတင်း ၁၀ ခု

Next
Next

Redmi K50 ထွက်လာတော့မယ်