Budget အသားပေး Redmi Gaming Monitor စတင်ရောင်းချ

လွန်ခဲ့တဲ့ရက်အနည်းငယ်က Xiaomi အနေနဲ့ Budget High-end gaming monitor တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး Redmi 23.8 inch Gaming Monitor လို့အမည်ပေးထားပါတယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံအတွင်းမှာ တရားဝင် စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ဒီ Monitor မှာ Budget ဆိုတဲ့အတိုင်း ဈေးချိုချိုနဲ့ Advanced features တွေကို သုံးလို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပြီး တရုတ်ယွမ် 1599, US $250 ကျော်၊ မြန်မာငွေ ၅ သိန်းကျော်ရှိမှာဖြစ်ပါတယ်။

အသစ်ထွက််လာတဲ့ Redmi Monitorမှာ 23.8 လက်မရှိပြီး Full HD Screen Resolution နဲ့ 240Hz Refresh Rate ရမှာဖြစ်ပါတယ်။ Fast IPS နည်းပညာလည်းပါဝင်လို့ 1ms response time ရမယ်လို့လည်း ဖော်ပြထားပါတယ်။ Monitor အနေနဲ့ AMD FreeSync Premium certified လည်းဖြစ်ပြီး 100% sRGB color gamut ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် DC Dimming လည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် Gamer တွေ Screen အကြာကြီးကြည့်ရလို့ ဖြစ်တဲ့ မျက်လုံးနာမှုကို ဖြစ်စေတဲ့ အပြာရောင်အလင်းကို ကာကွယ်ပေးတဲ့ စနစ်လည်းပါဝင်ပါသေးတယ်။

Design ကတော့ Narrow-frame bezel ဖြစ်တာကြောင့် ဘေး၂ဖက်နဲ့ အပေါ်ဖက်ဘောင်တွေ တော်တော်သေးမှာပါ။ IO panel ကိုလည်း Magnetic back cover တပ်ပေးထားပြီး ဒေါင်လိုက်နဲ့ အလျားလိုက် လှုပ်ရှားမှုတွေအတွက် အောက်ခံထောက်ပါမှာဖြစ်ပါတယ်။ Input, Output တွေအနေနဲ့ ​HDMI 2.1 ၂ ပေါက်၊ Display Port 1.2 ၁ ပေါက်၊ 3.5 mm Jack လည်းပါဝင်မယ်လို့သိရပါတယ်။ ပိုကြီးတဲ့ Screen လိုချင်ရင်တော့ မနှစ်ကထုတ်ထားတဲ့ ၂၇ လက်မကို ရွေးချယ်လို့ရပါတယ်။

ခုဆိုရင် Redmi အနေနဲ့ ဖုန်းလောကမှာတင်မကပဲ Powerbank, Monitor, Gaming, Earphone Industory ပေါင်းစုံမှာ စတင်ခြေချနေပြီဖြစ်ပါတယ်။ Budget တို့သဘောတရားအတိုင်း တစ်နေရာရာမှာတော့ ဝိတ်လျော့ထားမှာဖြစ်လို့ ဘယ်နေရာတွေမှာ လျော့ထားလဲဆိုတာတော့ တစ်ကယ်ထွက်လာလို့ အပြင်မှာသုံးကြည့်တဲ့ Hand On Review တွေထွက်လာရင်သိရမှာဖြစ်ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

OnePlus လို Alert Slider ပါလာနိုင်တဲ့ Realme ဖုန်းများ

Next
Next

ရုံးပြန်တက်ရတော့မယ့် Google ဝန်ထမ်းများ