ရုံးပြန်တက်ရတော့မယ့် Google ဝန်ထမ်းများ

၂၀၂၀ ကစပြီး ကိုဗစ်-၁၉ ဖြစ်ခဲ့တာကြောင့် လူစည်ကားရာ၊ လူစုလူဝေးရာနေရာတွေ အကုန်ပိတ်ခဲ့ရတာခုဆိုရင် ၂ နှစ်ကျော်ခဲ့ပါပြီ။ အဲ့ဒီနောက် တစ်ဆက်ပြီးတစ်ဆက်် Wave တွေဖြစ်လာခဲ့တာ ခုဆိုရင် Vaccine တွေပေါ်လို့ လူတိုင်းနီးပါး ကာကွယ်ဆေးရနေပြီဖြစ်ပါတယ််။ အရင်လိုပြန်ဖြစ်ဖို့ အားပြန်ယူနေပါပြီ။ Google ရဲ့Management ကလူတွေအနေနဲ့လည်း နောက်ဆုံးမှာ အချိန်ကြာပြီး Work From Home ခဲ့ပြီးတဲ့နောက် ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ April 4th ကစတင်ပြီး ကမ္ဘာတစ်ဝှမ်းလုံးက Google ရုံးတွေအကုန် ပြန်ဖွင့်တော့မယ်လို့ ဆိုပါတယ်။

CNBC ကတင်ထားတဲ့သတင်းအရ Google အနေနဲ့ Work From Home စနစ်ကို ဒီလကုန်မှာ ရပ်တန့်ပြီး အလှည့်ကျ ရုံးတက်တဲ့စနစ်ကို သုံးသွားမယ်လို့ဆိုပါတယ်။ Google Management အနေနဲ့ လူတစ်ဦးကို တစ်ပတ် ၃ ရက်ရုံးတက်ပြီး ၂ ရက်ကို Remote လုပ်ဖို့ စီစဥ်နေတယ်လို့ဆိုပါတယ်။

Google ရဲ့ဒုဥက္က၎ ဖြစ်သူ Jon Casey ကတော့ တစ်ဖြည်းပိုကောင်းလာတဲ့ ကာကွယ်ဆေးတွေ၊ ရောဂါဖြစ်ပွားမှုနှုန်းကျသွားတာတွေ၊ လုပ်ငန်းခွင်မှာလည်း ရောဂါမဖြစ်အောင်် ကာကွယ်မှုတွေလုပ်ထားပြီးဖြစ်လို့ ဝန်ထမ်းတွေအနေနဲ့ ရုံးပြန်တက်လို့ ရပြီဖြစ်ကြောင်း Email ထဲမှာရေးထားပါတယ်။ US အပြင်တစ်ခြားနိုင်ငံက Google ရုံးခွဲတွေလည်း သက်ဆိုင်ရာ နယ်မြေစည်းမျဥ်းတွေအလိုက် ရုံးပြန်ဖွင့်ဖို့ စီစဥ်သွားမယ်လို့ဆိုပါတယ်။

လောလောဆယ် Google ဝန်ထမ်းတွေကြားမှာ ဒီသတင်းက အုပ်အုပ်ကျက်ကျက် ဖြစ်နေပြီး ရုံးတက်ချင်သူတွေရှိသလို Work From Home ချင်သူတွေလည်း ရှိပါတယ်။ ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူတွေအနေနဲ့ ရုံးမှာ Maskဝတ်စရာမလိုတာမျိုးတွေ၊ ကုမ္မဏီအတွင်း ကန်တင်းတွေ၊ ထမင်းဆိုင်တွေ၊ ကော်ဖီဆိုင်တွေလည်း ပြန်ဖွင့်ဖို့ စီစဥ်နေတယ်လို့ဆိုပါတယ်။ ရုံး Area အတွင်းကို ဝင်ဖို့ဆိုရင် ကာကွယ််ဆေးထိုးထားဖို့လိုသလို ရောဂါကင်းရှင်းကြောင်း လက််မှတ်ယူဖို့လိုတယ်လို့ Google ကကန့်သတ်ထားပါတယ်။

နောက်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကုမ္ပဏီရဲ့ Benefits အဖွဲ့အနေနဲ့ Remote ဝန်ထမ်းတွေကို အလှည့်ကျ စနစ်နဲ့ အလုပ်လုပ်နိုင်အောင် ပြင်ဆင်နေပြီဖြစ်ပြီး ရုံးကိုလာဖို့ အဆင်မပြေးသေးတဲ့ ဝန်ထမ်းတွေကတော့ ခွင့်တင်ထားလို့ ရမယ်လို့သိရပါတယ်။ တစ်ကယ်လို့ ရုံးတက်ရတာ ပိုကြိုက်တယ်ဆိုလည်း ကြိုက်သလို ရုံးတက်နိုင်ပြီး တစ်ခါတစ်လေ လုပ်ငန််းခွင်မှာ ၃ ရက်ထပ် ပိုရှိနေဖို့လိုအပ်တဲ့သူတွေကိုလည်း အဆင်ပြေအောင် စီစဥ်နေတယ်လို့ဆိုပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Budget အသားပေး Redmi Gaming Monitor စတင်ရောင်းချ

Next
Next

TikTok သည် မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်အသိပညာစင်တာ (Digital Literacy Hub) အသစ်ကို စတင်မိတ်ဆက်