ပထမဆုံး Full Screen, Bezel-less Gaming Phone ဖြစ်လာမယ့် REDMAGIC 7

REDMAGIC 7 Series မှာ Full Screen, Bezel-less နဲ့ဖုန်းတစ်လုံးထွက်လာမယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ထွက်လာမယ်ဆိုရင် ပထမဆုံး Full Screen, Bezel-less Gaming ဖုန်းဖြစ်လာမှာပါ။

ဖုန်းသတင်းတွေ Leak တာနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ tipster Digital Chat Station ကဖော်ပြထားတဲ့ သတင်းထဲမှာ CPU ကိုလည်း Snapdragon 8 Gen 1 ကိုသုံးထားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် Gaming Phone ဖြစ်တဲ့အတွက် Game ဆော့ရင်း အပူပြဿနာတွေကို ဖြေရှင်းဖို့အတွက် 20,000 RPM ပါဝင်တဲ့ Cooling Fan လည်းပါဝင်ဦးမှာပါ။ Display ပိုင်းအနေနဲ့ကလည်း Screen Refresh rate 168 Hz ရနိုင်မဲ့ အကြမ်းစား Display ပါဝင်လို့ ဂိမ်းတွေကို Fps အကြမ်းစားတွေနဲ့ ဆော့နိုင်ဦးမှာပါ။ Ram လည်း 16 GB ထိပါဝင်ပြီး Internal Stroage အနေနဲ့ 512 GB ထိပါဝင်လာနိုင်ပါတယ်။ Camera ပိုင်းမှာလည်း 64MP Main Camera နဲ့ 8MP Selfie Camera တို့ပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Display ကောင်းတဲ့ ဖုန်းဖြစ်တာမို့ Battery Capacity ကလည်း ခပ်ကြီးကြီးပါဝင်လာဦးမှာပါ။ အတိအကျမသိရသေးပေမယ့် 4400 Mah နဲ့ 165W Super Flash Charging ပါဝင်မယ်ဆိုတဲ့အတွက် Power Comsumption ပိုင်းမှာ စိတ်ပူစရာလိုမှာ မဟုတ်ပါဘူး။ Rumors တွေအရ Battery 0% ကနေ 100% ကို ၁၀ မိနစ်အတွင်း ဖြည့်ပေးနိုင်တယ်လို့ ဆိုထားတဲ့အတွက် Battery မှာလှည့်ကြည့်စရာ လိုမှာမဟုတ်ပါဘူး။

Gaming Phone တွေမှာ ဂိမ်းဆော့တဲ့အခါ Touch မှားထိတာမျိုးတွေ ကြုံရနိုင်တဲ့အတွက် Gaming အသားပေးဖုန်းတွေမှာ Screen အပြည့်မထုတ်ကြသလို Bazel မပါတဲ့ဖုန်းလည်း မရှိသေးပါဘူး။ ဒါ့ကြောင့် REDMAGIC 7 အနေနဲ့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်ထားမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ဖြစ်နိုင်တာတစ်ခုက တစ်ကယ်လို့ဂိမ်းဆော့တဲ့အခါ Software အကူအညီယူပြီး ဘေးဘောင်တွေ၊ လက်ဖမိုးနဲ့ထိတဲ့နေရာက Touch Sensitivity ကိုလျော့ချတာဖြစ်ဖြစ်၊ ပိတ်ထားတာဖြစ်ဖြစ် လုပ်ပြီးထိန်းချုပ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာကို ကောင်းမွန်ပိုင်နိုင်တဲ့ ဖုန်းက Samsung မှာပဲရှိတာပါ။ REDMAGIC အနေနဲ့ ဒီနည်းပညာမှာ Samsung ကိုမှီမလားဆိုတာ ထွက်လာတဲ့အခါ သိရမှာဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က REDMAGIC 7 မှာ Full Screen ဖြစ်ဖို့အတွက် Under Display Camera ကိုထည့်သွင်းလာနိုင်တယ်ဆိုတဲ့အချက်ပါ။ တစ်ကယ်လို့ Under Display Camera ပါဝင်လာမယ်ဆိုရင် ပထမဆုံး Under Dispaly Camera ပါတဲ့ Gaming ဖုန်းအဖြစ်ပါ မှတ်တမ်းဝင်ဦးမှာပါ။ လောလောဆယ်မှာတော့ တရုတ်နိုင်ငံအတွင်းမှာ အဆိုပါသတင်းနဲ့ပတ်သတ်ပြီး စိတ်ဝင်စားမှု အတော်မြင့်မားနေတယ်လို့ဆိုပါတယ်။

AnTuTu ကထုတ်ထားတဲ့ Teaser Video တစ်ခုမှာဆိုရင်လည်း REDMAGIC 7 ရဲ့ Scoreဟာ 1,101,769 ထိရရှိထားပြီး Gaming Phone တွေကြားမှာ Score အမြင့်ဆုံးဖြစ်နေပါတယ်။ ဒီလောက််အဖက်ဖက်က ကောင်းနေတဲ့ဖုန်းဟာ ဈေးလည်း $500 ထက်မနည်းနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

Ref: 9to5Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung ရဲ့ February unpacked event မှာဘာတွေမိတ်ဆက်လာနိုင်မလဲ?

Next
Next

၂၀၂၂ ခုနှစ်အတွက် Samsung ၏ ပထမဆုံး စမတ်ဖုန်း Galaxy A03 အား စတင်မိတ်ဆက်