၂၀၂၂ ခုနှစ်အတွက် Samsung ၏ ပထမဆုံး စမတ်ဖုန်း Galaxy A03 အား စတင်မိတ်ဆက်

Samsung Electronics Co.,Ltd သည် ယခုနှစ်အတွက် ပထမဆုံးသော စမတ်ဖုန်း Galaxy A03 အား ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ အသက်သာဆုံး ဈေးနှုန်းတစ်ရပ်ဖြင့် ဝယ်ယူရရှိသွားနိုင်မည့် ဤ Galaxy A03 စမတ်ဖုန်းတွင် ကြီးမားကျယ်ပြန့်‌သော ၆.၅” Infinity V မျက်နှာပြင်၊ မြန်ဆန်ကောင်းမွန်သော စွမ်းဆောင်ရည်၊ ကြာရှည်ခံ ဘက်ထရီနှင့် ကြည်လင်ပြတ်သားသော ကင်မရာ လုပ်ဆောင်ချက် များ ပါရှိမည်ဖြစ်သည်။

● Galaxy A03 စမတ်ဖုန်းအား သပ်ရပ်လှပသော ဒီဇိုင်းဖြင့် ဖန်တီးထားပြီး Haze နှင့် Matte glasstic ကိုယ်ထည်တို့ဖြင့် ပြုလုပ်ထားသောကြောင့် သုံးစွဲသူများအနေနှင့် ကျစ်လစ်သေသပ်သော ခံစားမှုကို ရရှိသွားနိုင်မည်ဖြစ်သည်။

● Galaxy A03 စမတ်ဖုန်းတွင် Unisoc T606 processor အားအသုံးပြုပေးထားသည့်အတွက် သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝ လုပ်ငန်းဆောင်တာများအား လွယ်ကူ သက်သာမှုအပြည့်ဖြင့် လျှင်မြန်စွာ ဆောင်ရွက်သွား နိုင်မည် ဖြစ်သည့်အပြင် ဂိမ်းဆော့ရာတွင်ဖြစ်စေ ရုပ်ရှင်ကြည့်ရာတွင် ဖြစ်စေ latency ပမာဏ အနည်းဆုံးဖြင့် အထစ်အငေါ့ မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။

● Galaxy A03 ၏ 48MP အဓိက ကျောဖက်ကင်မရာဖြင့် ကြည်လင် ပြတ်သားသောပုံရိပ်များအား ဖမ်းယူရိုက်ကူးသွားနိုင်မည် ဖြစ်သည့်အပြင် 2MP Depth ကင်မရာဖြင့်လည်း မိမိစိတ်ကြိုက် အရာဝတ္တုများအား စိတ်တိုင်းကျ အသားပေး ဖမ်းယူရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၎င်း၏ 5MP အရှေ့ဖက်ကင်မရာ ဖြင့်လည်း အမိုက်စားSelfies များအား အချိန်မရွေး ရိုက်ကူးသိမ်းဆည်းထား နိုင်မည် ဖြစ်သည်။


● Galaxy A03 တွင် ဘက်ထရီပမာဏ 5,000 mAh ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ပူပင်ကြောင့်ကြမှုမရှိပဲ အချိန် ကြာမြင့်စွာ စိတ်တိုင်းကျ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

အဆိုပါ Galaxy A03 စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစ၍ မြန်မာနိုင်ငံဈေးကွက်တွင် စတင်ရောင်းချသွားမည် ဖြစ်ပြီး ဆွဲဆောင်မှုအပြည့်နှင့် သစ်လွင်လှသော အရောင် သုံးမျိုးဖြစ်သည့် အမည်းရောင်၊ အပြာရောင်နှင့် အနီရောင် အရောင် ၃ ရောင်အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ ဈေးနှုန်းအနေနှင့် 3 + 32 GB အမျိုးအစားအား မြန်မာငွေကျပ် ၂၆၉,၀၀၀ ဖြင့်‌လည်းကောင်း၊ 4 + 64 GB အမျိုးအစားအား မြန်မာငွေကျပ် ၃၀၉,၀၀၀ ဖြင့်လည်းကောင်း အသီးသီး ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

အထူးအခွင့်အရေးများ

 

●        Galaxy A03 အမျိုးအစားအား ဝယ်ယူသူများအနေနှင့် earphone များအား (ပစ္စည်းလက်ကျန်ရှိသည်အထိ) မေတ္တာလက်ဆောင် ရရှိသွားမည် ဖြစ်သည်။

●        ထို့အပြင် Galaxy A03 စမတ်ဖုန်းတွင် ထည့်သွင်းပေးထားသည့် Android OS မှတဆင့်လည်း နောက်ဆုံးပေါ် ကြိုက်နှစ်သက်ရာ Google Apps များအား အလွယ်တကူ ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။

 

 

ဝယ်ယူရရှိနိုင်မူ

 

Galaxy A03 စမတ်ဖုန်းအသစ်များအား Samsung အမှတ်တံဆိပ် အရောင်းဆိုင်များ နှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် Samsung Myanmar သည် Galaxy A03 စမတ်ဖုန်းနှင့် အခြား Samsung ထုတ်ကုန်များအား ဝယ်ယူအားပေးလိုသူများအတွက် ပိုမိုလွယ်ကူသက်သာပြီး စိတ်ချရသော E-commerce ပလက်ဖောင်းမှတဆင့် အလွယ်တကူ မှာယူနိုင်ရန် စီစဉ်ပေးထားသည်။ သို့ဖြစ်၍ Galaxy A03 စမတ်ဖုန်း အား မှာယူလိုသူများအနေဖြင့် ဖုန်းအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူစရာ မလိုပဲ အွန်လိုင်းမှတစ်ဆင့်  အောက်ဖော်ပြပါ အဆင့်များအတိုင်း အလွယ်တကူ မှာယူရရှိနိုင်ပြီ ဖြစ်သည်။

 

  1. Samsung Myanmar ၏ တရားဝင် ဝက်ဘ်ဆိုက် www.samsung.com/mm သို့ ဝင်ရောက်ပါ။

  2. ဝက်ဘ်ဆိုက် ၏ ညာဖက်အပေါ်ရှိ Menu Bar မှ တဆင့် “Mobile” အား နှိပ်၍ ဝင်ရောက်ပါ။

  3. Galaxy A03 စမတ်ဖုန်းများအနက် မိမိ နှစ်သက်သော အရောင်အား ရွေးချယ်ပါ။

  4. ထို့နောက် မိမိ မှာယူလိုသည့် တရားဝင် E-commerce မိတ်ဖက်များအား ရွေးချယ်မှာယူပါ။ (မြန်မာနိုင်ငံ အထက်ပိုင်းမှ သုံးစွဲသူများအနေဖြင့် Galaxy A03 အားရွေးချယ်နိုင်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းမှ သုံးစွဲသူများအနေဖြင့် UC အားရွေးချယ်နိုင်)

 

အထက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပြီးပါက သက်ဆိုင်ရာ E-commerce မိတ်ဖက်များမှတဆင့် သုံးစွဲသူများ မှာယူထားသည့် Galaxy A03 စမတ်ဖုန်းများအား အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။

Previous
Previous

ပထမဆုံး Full Screen, Bezel-less Gaming Phone ဖြစ်လာမယ့် REDMAGIC 7

Next
Next

5G ကွန်ယက်စနစ်ထောက်ပံ့ထားသော 9 Pro Series ထုတ်ကုန်သစ်များနှင့်အတူ နောက်ဆုံးထုတ် MediaTek Dimensity 920 5G Processor ကိုအသုံးပြုထားသော ပထမဆုံး 9 Pro+ ထုတ်ကုန်ကိုပါ realme က ထုတ်ပြန်ကြေညာ