Recycle Plastic တွေကိုအသားပေးအသုံးပြုတော့မယ့် Samsung

ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖုန်းကုမ္ပဏီထဲကတစ်ခုဖြစ်နေတဲ့ Samsung အနေနဲ့နှစ်စဥ်ဖုန်းထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ Material တွေကလည်းနည်းမှာမဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ။ ဖုန်းတစ်လုံးထုတ်လုပ်ရာမှာ လိုအပ်တဲ့ ပလပ်စတစ်၊ ရွှေ၊ သတ္တုစတဲ့ Material တွေပေါင်းစုံပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သတ်လို့လည်း ဖုန်းကုမ္ပဏီကြီးတွေမှာ နည််းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။ Apple က Charger ထည့်မပေးတော့တာမျိုးတွေ စတဲ့နည်းတွေပါ။

Samsung အနေနဲ့လည်း Eco-friendly ဖြစ်တဲ့အပြင် Recycle လုပ်လို့ရတဲ့ Plastic တွေကို Samsung Galaxy S23 မှာ စတင်အသုံးပြုနေပြီဖြစ်တယ်လို့ ကြေငြာထားသလို၊ အသုံးပြုပြီးသား Plastic တွေကို Recycle လုပ်ပြီး ပြန်လည်အသုံးပြုဖို့ စီစဥ်နေပါတယ်။ Samsung Galaxy S22 မှာဆိုရင် သမုဒ္ဒရာကနေ ရေထွက်ပစ္စည်းတွေကနေရလာတဲ့ Plastic နဲ့ Recycle လုပ်နိုင်တဲ့ Plastic 80% ပါဝင်ပါတယ်။ လာမယ့် 2050 မှာ Samsung ကထုတ်လုပ်သမျှ Phone တိုင်းကို 100% Recycle ဖြစ်အောင်ပြုလုပ်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Park Sung-sun ကတော့ Samsung အသုံးပြုသူတိုင်းဟာ ဒီဖြစ်စဥ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အပြင် ဘယ်လောက်ပဲဖြစ်တဲ့ impact ဖြစ်ပါစေ Samsung အနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ လိုက်နာသွားမယ်လို့ဆိုပါတယ်။ Samsung Galaxy S23 ရဲ့အတွင်းပိုင်း Internal Components ထဲက ၁၂ ခုကိုလည်း Recycle Plastic နဲ့လုပ်ထားပါတယ်။ Samsung အနေနဲ့ ၂၀၂၂ အတွင်း ပင်လယ်ထဲက ငါးဖမ်းပိုက် ၁၅ တန်လောက်ကို Recycle လုပ်ခဲ့ပြီး ထပ်တိုးလုပ်ဆောင်မှုတွေအတွက် မိတ်ဖက်ကုမ္ပဏီတွေနဲ့ လက်တွဲသွားမယ်လို့ဆိုပါတယ်။

တစ်ကယ်တော့ နည်းပညာတိုးတက်လာတာနဲ့အမျှ ဆုတ်ယုတ်တဲ့ဖက်တွေလည်း ရှိလာတတ်ပါတယ်။ နည်းပညာတစ်ခုကို Peak Condition တစ်ခုကိုရောက်အောင် တီထွင်နေချိန်မှာ ကျန်တဲ့အချက်တွေ လျော့သွားတတ်ပြီး နောက်မှသာ တစ်ဖြည်းဖြည်းနဲ့ ပြန်လည်ပြုပြင်နေရတဲ့ပုံပါပဲ။ မိတ်ဆွေတို့ရော ဖုန်းတွေမှာ Charger မပါတာကို သဘောကျကြလား?

#Akhayar

Ref : SamMobile

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဘယ် Messaging App ကအလုံခြုံဆုံးလဲ

Next
Next

AI မိတ်ဆက်ပွဲက အမှားကြောင့် ရှယ်ယာဈေးကျနေတဲ့ Google