AI မိတ်ဆက်ပွဲက အမှားကြောင့် ရှယ်ယာဈေးကျနေတဲ့ Google

Google အနေနဲ့ ChatGPT ကြောင့် Microsoft ဆီကိုလူတွေ Web အတွက်ပါသွားမှာကို စိုးရိမ်လာပုံရပါတယ်။ စိုးရိမ်လည်း စိုးရိမ်နေတာကြောင့် အသည်းအသန် Bard ကိုထုတ်ပြတဲ့အထိ တန်ပြန်သိုင်းကွက်တွေနင်းပြခဲ့ပါတယ်။ သိုင်းကွက်ထုတ်ပြရင်း အတွင်းအားကျင့်တာ လိုတာလား မသိ Bard ကိုမိတ်ဆက်ပွဲတုန်းက Search Result တစ်ခုကို တစ်လွဲပြတာမျိုးတွေ ဖြစ်သွားခဲ့ပါတယ်။ အဆိုပါအလွဲကြောင့်လည်း ရှယ်ယာ 100 Billion ကျသွားခဲ့ပါတယ်။

ဖြစ်စဥ်အသေးစိတ်က Bard ကိုမိတ်ဆက်ပွဲမှာ James Webb Space Telescope အကြောင်းကို ၉နှစ်အရွယ်ကလေးတစ်ယောက်ကို ဘယ်လိုရှင်းပြမလဲဆိုတာမျိိုးကိုမေးခဲ့ပေမယ့် Bard က ၂၀၀၄ တုန်းက နေ့အဖွဲ့အစည်းပြင်ပမှာရှိတဲ့ European Very Large Telescope ကိုပြသခဲ့ပါတယ်။ အဆိုပါအမှားကိုလည်း အာကာသပညာရှင်တွေက Factcheck မလုပ်ပဲ ထုတ်ဝေရကောင်းလားဆိုပြီး Twitter မှာမှတ်ချက်ပေးခဲ့ပါတယ်။

ChatGPT ကြောင့်နှစ်ကုန်ပိုင်းကတည်းက Pressure များလာတဲ့ Google ဟာ Microsoft က Bing ကို ChatGPT အခြေခံပြီးအသစ်ထုတ်ဖို့ ကြေငြာလိုက်တဲ့အခါမှာတော့ အတော်လေး ဖိအားများလာတယ်ထင်ပါတယ်။ Google ဖက်ကတော့ ဒီတစ်ပတ်အတွင်း ပိုကောင်းတဲ့ Testing တွေလုပ်နေပြီး Bard ကိုပိုကောင်းအောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ChatGPT လိုနှစ်နဲ့ချီပြီး အချိန်ယူ Train ထားသလို၊ တည်ထောင်သူတွေထဲမှာ Elon Musk၊ Sam Altman တို့လို နာမည်ကြီး Entrepreneur တွေပါဝင်တဲ့ AI ကိုအစီစဥ်တစ်ကျနဲ့ ပိုကောင်းတဲ့ Feature တွေကိုမိတ်ဆက်မှသာ ခုလိုအဖြစ်အပျက်တွေကို ရှောင်ရှားနိုင်မယ်လို့ မြင်ပါတယ်။ Google က ရှယ်ယာဈေးတွေကျ၊ ဝန်ထမ်းတွေလျော့ဖြစ်နေချိန်မှာ Microsoft ကတော့ ရှယ်ယာဈေးတွေတက်နေပါတယ်။

#AkhayarTech

Ref : BBC Tech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Recycle Plastic တွေကိုအသားပေးအသုံးပြုတော့မယ့် Samsung

Next
Next

ChatGPT နည်းပညာနဲ့ အင်တာနက်တစ်ခေတ်ဆန်းမယ့် Microsoft Edge