ဘယ် Messaging App ကအလုံခြုံဆုံးလဲ

နေ့စဥ်အသုံးပြုနေတဲ့ Messaging Application တွေမှာ သင်ပို့သမျှစာတွေကို ပို့သူရော၊ လက်ခံသူအပြင် တစ်ခြားသူတွေကလည်း မြင်လို့ရနေတယ်၊ မြင်ပိုင်ခွင့်ရှိနေတယ်ဆိုရင် မိတ်ဆွေအနေနဲ့ သဘောကျပါ့မလား?? ဘယ်သူမှကြိုက်မယ်မထင်ပါဘူး။ ဒါကြောင့်မို့ နောက်ပိုင်း Messaging တွေမှာ end-to-end Excryption ကိုထည့်ပေးလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကပဲ Google အနေနဲ့ Apple ကို Peer Pressure ပေးပြီး Stop Green Bubble ဆိုတဲ့ ကမ်ပိန်းကို Run ခဲ့တာကို Twitter က System Engineer တစ်ချို့ကဝေဖန်ခဲ့ပါသေးတယ်။ ဒါဟာအတင်းအကျပ် စေခိုင်းတာ၊ Bullying လုပ်ပြီး Marketing လုပ်တာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ခုလည်း Meta ရဲ့ CEO Mark Zuckerberg က Apple ရဲ့ iMessage ကို ထပ်ပြီး နှိမ်ပြန်ပါတယ်။ WhatsApp အနေနဲ့ Cross-Platform ရသလို iMessage ထပ်ပိုပြီး လုံခြုံကြောင်း Instagram မှာ တင်ခဲ့တာပါ။

iMessage မှာမရတဲ့ End-to-end encryption Group chat, Disappearing Message, end-to-end encrypted backups စတာတွေကို WhatsApp မှာရနိုင်ကြောင်းပြောခဲ့ပြီး Green Bubble(iMessage အချင်းချင်းပို့)၊ Blue Bubble(iMessage မရှိသူကပို့)၊ Private Bubble (WhatsApp ကပို့) စတဲ့ Visual Ads တစ်ခုကိုလည်း ရှဲထားပါတယ်။

အဆိုပါ Post အောက်မှာတော့ E2EE ဟာ Private Messaging အတွက်အဖြေမဟုတ်ကြောင်း တစ်ကယ်လုံခြုံတဲ့ Messenger သုံးချင်ရင် Signal သုံးဖို့လိုကြောင်း မှတ်ချက်ပေးနေသူလည်း ရှိပါတယ်။ Apple အနေနဲ့ ပိုလုံခြုံတဲ့ Messaging အတွက် RCS ကိုဘယ်နေ့စသုံးမလဲဆိုတာတော့ ကြေငြာထားခြင်းမရှိသေးပါဘူး။

Ref : GSMArena

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကွာလတီမမှီတဲ့ India Made iPhone Casing တွေကြောင့် ခေါင်းခဲနေရတဲ့ Apple

Next
Next

Recycle Plastic တွေကိုအသားပေးအသုံးပြုတော့မယ့် Samsung