Intel 12th Gen Vs Ryzen 6000

AMD အနေနဲ့ Ryzen 4000 ထွက်ပြီးကတည်းက Performance ကောင်းမွန်မှု၊ Battery Life ပိုကောင်းမွန်လာမှုတို့ကြောင့် ဈေးကွက်မှာ သိသိသာသာ နေရာရလာခဲ့ပါတယ်။ လောလောဆယ်မှာလည်း CES မှာ AMD သုံး Laptop အမျိုးအစား ၂၀၀ လောက်ထုတ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ Intel ကရှေ့ဆုံးကတော့ ရှိနေဆဲဖြစ်ပါတယ်။ လောလောဆယ် စမ်းသပ်ထားရသလောက် Intel 12th Gen Vs AMD Ryzen 6000 တွေကတော့


Intel 12th Gen Vs AMD Ryzen 6000 :

Performance
CPU လို့ပြောလိုက်တာနဲံ Performance ကိုအရင်ဆုံးပြေးမြင်ကြမှာပါပဲ။ ဒါပေမယ့် တစ်ကယ့်လက်ထဲမှာ ကိုင်စမ်းသုံးပြီးမှသာ သေသေချာချာပြောနိုင်မှာဖြစ်ပါတယ်။ Intelရဲ့ i9-12900HK CPU ကို AMD အနေနဲ့ အတော်လေးယှဥ်ရပါမယ်။ intel i9 မှာ 14 cores (six performance and eight efficient) ထိပါဝင်ပြီး Ryzen 9 6980HX မှာတော့ 8 cores ထိပဲပါဝင်တာဖြစ်ပါတယ်။ ဒါက သာမန်ရိုးကျ Spec ယှဥ်တာမဟုတ်ပဲ Tech ပိုင်းကကြည့်ရင်ကို Intel ကပိုသာနေတယ်ဆိုတာ အသိသာကြီးဖြစ်ပါတယ်။
AMD အနေနဲ့ Ryzen 6000 မှာ Ryzen 7 5800U ထက် 1080p Gaming မှာ ၂ဆ၊ 3D rendering မှာတော့ 125% ပိုကောင်းလာမယ်လို့ ကြေငြာထားပါတယ်။ Intelကတော့ သူတို့ CPU တွေက Ryzen 5000 ထက်် 49% ပိုမြန်လာမယ်လို့ဆိုထားပါတယ်။ ဒါပေမယ့်ဒါတွေက စာရွက််ပေါ်က ဂဏန််းတွေသာဖြစ်ပြီး လက််တွေ့စမ်းသပ်ပြီးမှသာ အသေအချာသိနိုင်မှာဖြစ်ပါတယ်။
Flagship cpu တွေမှာ အပြိုင်အဆိုင်ဖြစ်နေသလို၊ Mid-tier cpu တွေမှာလည်း intel ရဲ့ P-series က 28W ဖြစ်ပြီး U series မှာတော့ 9W - 15W တစ်ခုခုပါလာမယ်လို့ ဆိုပါတယ်။ Ryzen ကတော့ ဒီနှစ်ကို RDNA 2 Graphics Cores နည်းပညာနဲ့ဈေးကွက်ထိုးဖောက်လာမယ်လို့ ခန့်မှန်းရပါတယ်။

Battery Life
ဘယ်CPU ပါဝါစားသက်သာလဲဆိုတဲ့အချက်ကတော့ အမြဲပြိုင်ငြင်းနေရတုန်းပါပဲ။ တစ်ကယ်လက်တွေ့သိချင်ရင်တော့ လက်တွေ့သုံးကြည့်မှပဲသိနိုင်မှာဖြစ််ပါတယ်။ Spec တွေကိုယှဉ်ကြည့်ရရင်တော့ Ryzen 6000 က 6 nanometer ဖြစ်ပြီး Intel က 10 nanometer အနေနဲ့လာမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် Power Comsumption ပိုင်းကတော့ Intel ကိုအများကြီးမျှော့်လင့်စရာမရှိပါဘူး။ AMD အနေနဲ့ Ryzen 6000 မှာ Video Playback 6000 ထိရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် Video Playback အချိန်သိရရုံနဲ့တော့ Comparison လုပ်လို့မရသေးပါဘူး။ Intel ကတော့ Battery နဲ့ပတ်သတ်ပြီး Power Comsumption ပိုင်းကို အရမ်းသိသိသာသာ ပြောထားတာတော့မရှိပေမယ့် Intel P series မှာတော့ ထုံးစံအတိုင်း Performance ကိုနှိမ့်ပြီး Battery ပိုင်းကို ပိုခံအောင်လုပ်ထားပါလိမ့်မယ်။

Integrated Graphics
Gamers တွေအနေနဲ့လည်း Integrated Gpu ပါဝင်တိုင်းလည်း အဆင်ပြေပြီး ကြိုက်ချင်မှကြိုက်မှာပါ။ Heavy Game တွေအတွက် GPU သပ်သပ်စိုက်ကိုစိုက်ရပါတယ်။ ဒီနှစ််မှာတော့ Discrete GPU မပါလည်းသာမန်ဂိမ်းတွေလောက် ဆော့လို့ရအောင် အဆင့်မြှင့်ထားပေးမယ်လို့ Intel ရော၊ AMD ရောက ပြောထားပါတယ်။ Intel ရဲ့ Xe GPU တွေက မနှစ်က အတော်ရေပန်းစားခဲ့ပေမယ့် AMD အနေနဲ့ ဒီနှစ်မှာ RDNA2 နဲ့ ပွဲထွက်လာနိုင်ပြီး RDNA 2 ကြောင့် Performance ကလည်း 303% ထိပိုကောင်းလာမယ်လို့ ပြောထားပါတယ်။ Nvidia MX လောက်ကို အသာလေးယှဥ်နိုင်မလား ဆိုတာစောင့်ကြည့်ရပါမယ်။

Memory & Storage
ဒီအပိုင်းမှာကိုပြောရရင် ထုတ်လုပ်သူတွေရဲ့ ဆုံးဖြတ်ချက်ကအဓိကကျတယ်ဆိုပေမယ့် Ryzen မှာ DDR5-4800 နဲ့ LPDDR5-6400 RAM သုံးနိုင်မှာဖြစ်ပြီး Intel မှာတော့ DDR5-4800, LPDDR5-5200, DDR4-3200 နဲ့ LPDDR4x-4267 ဆိုပြီး ရွေးချယ်စရာများပါမယ်။ Storage ပိုင်းမှာလည်း AMD ရော၊ Intel ကပါ x8 PCIe 4.0 connection နဲ့ x4 NVMe SSD connections တစ်စုံပါဝင်မှာပါ။ AMD အနေနဲ့ NVMe port တစ်ခုကို SATA အနေနဲ့သုံးနိုင်ပြီး Intel မှာတော့ အပို SATA connection ပါဝင််မှာဖြစ်ပါတယ်။

Ports
Intel Vs AMD အကွာကြီးကွာသွားတာ ဒီနေရာမှာဖြစ်ပါတယ်။ Intel မှာ Thunderbolt 4 ပါဝင််လာပေမယ့် AMD မှာတော့ USB 4 ပဲထည့်သွင်းပေးထားပါတယ်။ Data Transfer rate ကတော့ USB 4 မှာ 40Gbpsထိရနိုင်ပါတယ်။ ဒါပေမယ့် Thunderbolt 4 လိုတော့ All in one မရတာမို့ AMD Laptop ဝယ်မယ်ဆိုရင် USB hub ဝယ်တဲ့အခါ အနည်းငယ်တော့ ဂရုစိုက်ရပါမယ်။ တစ်ခုသတိထားရမှာကတော့ Intel အနေနဲ့ HDMI 2.1 ကို ဖြုတ်ချထားခြင်းဖြစ်ပါတယ်။ Ryzen 6000 မှာတော့ HDMI 2.1 ပါဝင်နေဆဲပါ။

ဒါတွေကတော့ AMD Ryzen 6000 နဲ့ Intel 12th Gen တို့ကိုထွက်ရှိထားတဲ့ Spec တွေအရနှိုင်းယှဥ်ထားတာဖြစ်ပါတယ်။ တစ်ကယ်လက်တွေ့ Result တွေကတော့ ကွဲပြားနိုင်ပါတယ်။

Ref : laptopmag

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Realme V25 ကိုမိတ်ဆက်လာပါတယ်

Next
Next

Portrait အသားပေး camera၊ အရောင်ပြောင်း ကျောဖက် cover တို့နဲ့ ပွဲထွက်လာမယ့် vivo V23 series