Realme Q5 နဲ့ Q5 Pro Display နဲ့ Specs တွေထွက်ပေါ်လာ

Realme Q5i ကိုမိတ်ဆက်ထားပြီး မကြာသေးခင်မှာပဲ Q5 Series ရဲ့ကျန််တဲ့ ဖုန်းတွေကို မနက််ဖြန်မိတ်ဆက်သွားမှာပါ။ Realme ရဲ့ Chief Marketin Officer Xu Qi အနေနဲ့ သူ့ကိုယ်သူ မထိန်းနိုင်ပဲ Promotion ပုံတွေကို Social Media ပေါ်ကို တင်လိုက်တာဖြစ်ပါတယ်။

Realme Q5 မှာ Battery 5000 mAh ပါဝင်ပြီး 60W Fast Charging ကိုသုံးပေးထားတယ်လို့ သိရပါတယ်။ Realme Q3 နဲ့မတိမ််းမယိမ်းပါပဲ။ Charging Power ကတော့ ၂ ဆဖြစ်သွားပါတယ်။ Display Refresh Rate ကတော့ 120Hz ဖြစ်ပြီး LCD ပဲသုံးထားပါတယ်။ လိမ္မော်ရောင် ကာလာနဲ့ ကင်မရာ ဒီဇိုင်းကြောင့် Realme 9 လိုလို၊ 9Pro လိိုလို အတော်လေး ဆင်တူပါတယ်။ ဒါပေမယ့် Q5 မှာတော့ 50MP Main Camera Sensor ကိုသုံးပေးထားပါတယ်။

Realme Q5 Pro ကတော့ AMOLED ဖြစ်ပြီး Samsung E4 Panel နဲ့ 120Hz ဆိုတဲ့အတွက်် Screen ကိုပွတ်ရတာ အရသာအတော်ရှိမှာပါ။ ဒီဖုန်းကို ဂိမ်းအတွက် ရည်ရွယ်ထုတ််လုပ်ထားပြီး Tournament တွေမှာ သုံးဖို့ အရည်အသွေးပြည့်မှီတယ်လို့ QQ မှာရေးထားပါတယ်။Chipset အနေနဲ့ Snapdragon 870 ကိုပဲသုံးထားပြီး 80W Charging Speed ကို Q5 Pro မှာရရှိနိုင််မှာပါ။

Realme ရဲ့ ကာလာဖြစ်တဲ့ အဝါအပြင် Pro Model ကို အဖြူရောင်နဲ့လည်း ရရှိနိုင်မှာဖြစ်ပြီး နောက်ကျောမှာ "Snow Drift" လို့နာမည်ပေးထားတဲ့ CheckBoard Pattern လည်း ထည့်သွင်းပေးထားပါတယ်။

နောက်ထပ် အံ့အားသင့်ရမယ့် အရာတစ်ခုလည်း ပါဝင်နေဦးမယ််လို့ သတင်းတွေထွက််နေပြီး အတိအကျကိုတော့ မနက်ဖြန် Launch ပွဲမှာ သိနိုင်မှာဖြစ်ပါတယ််။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung Galaxy A series တွေရဲ့ ပထမဆုံး 108 MP ကင်မရာ၊ FHD+ Super AMOLED+ မျက်နှာပြင်တို့နဲ့ အလွင့်စား Galaxy A73 5G ကို ကြိုတင်မှာယူနိုင်

Next
Next

ဒီနှစ်ထဲမှာ ထွက်လာမယ့် Apple Watch Features အသစ်တွေ